သရုပ်ဆောင်စည်သူမောင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်တတ်ကာ ပြုံးပျော်ရွှင်စွာစကားပြောဆိုတတ်တာ​ကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ စည်သူမောင်ကတော့  ယခုမှာ  ကင်ဆာရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူကို အပြည့်အဝဂရုစိုက်နေတဲ့ သားလိမ္မာလေးတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit:Si Thu Maung ' s Facebook Acc
Photo Credit:Si Thu Maung ' s Facebook Acc

ယခုမှာတော့ စည်သူမောင်ရဲ့ မိခင်ဖြစ်သူဟာ အရမ်းကြိုက်ခဲ့ရပြီး အားပေးခဲ့ရတဲ့ ရန်အောင်က မွေးနေ့ဆုတောင်းအသံဖိုင်လေးပို့ပေးလို့ သဘောကျနေပြီး ထပ်တလဲလဲနားထောင်နေခဲ့ပါတယ်။စည်သူမောင်ကတော့ "  အမေ့မွေးနေ့မှာ အမေအရမ်းကြိုက်ရတဲ့မင်းသား" ကိုရန်အောင် "က မွေးနေ့ဆုတောင်း အသံ Fileလေးပို့ပေးတော့ ထပ်ခါတလဲလဲနားထောင်ပြီး သဘောတွေကျနေတာ " ဆိုပြီး  အမေ့ရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit:Si Thu Maung ' s Facebook Acc
Photo Credit:Si Thu Maung ' s Facebook Acc

စည်သူမောင်ကတော့ " အရမ်းစိတ်ထားပြည့်ဝပြီး ချစ်ဖို့ကောင်းတဲ့ ကိုရန်လေး Yan Aung ကို ကျေးဇူးပါခင်ဗျာ အစ်ကိုလည်း သက်ရှည်ကျန်းမာပြီး ထူးချွန်ပြောင်မြောက်တဲ့ အနုပညာတွေနဲ့ ထာဝရ အမြင့်ဆုံးမှာ ဆက်လက် အောင်မြင်ပါစေမွေးနေ့ဆုတောင်းပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပါခင်ဗျာသက်ရှည်ကျန်းမာပြီး လိုရာဆန္ဒများပြည့်ဝကြပါစေ "ဆိုပြီး သူရဲ့ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Source:Si Thu Maung  ' s Facebook Acc 

Photo Credit:Si Thu Maung ' s Facebook Acc
Photo Credit:Si Thu Maung ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။