Photo credit - B8 twitter

Dota 2 players တွေရဲ့အချစ်တော် Dendi ရဲ့အသင်းသစ် B8 ကတော့ အားလုံးမှန်းဆထားတဲ့အတိုင်း

roster ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

B8 က po 5 player ဖြစ်တဲ့ LeBorn နဲ့ po 1 player ဖြစ်တဲ့ Xcalibur တို့ဟာ အသင်းကနေထွက်ခွာခဲ့ပြီပဲ ဖြစ်ပါတယ်။

B8 အနေနဲ့လည်း နောက်ပိုင်းပြိုင်လာတဲ့ tournaments တွေမှာ ရှုံးပွဲတွေနဲ့သာဆက်တိုက် ကြုံတွေ့ခဲ့ရပြီး players တွေကြားမှာလည်း ယုံကြည်မှုတွေပြောက်ဆုံးလာရာကနေ အခုလိုအသင်းကနေ ထွက်ခွာမှုတွေ ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

B8 အနေနဲ့လည်း အခုအသင်းကထွက်ခွာသွားသူတွေရဲ့နေရာမှာ ဘယ်သူတွေကိုအစားထိုးသွားမလဲဆိုတာကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။

ယခုကျန်ရှိနေတဲ့ B8 ရဲ့ roster ကတော့

Po 2- Dendi

Po 3- Ghostik

Po 4- KingR

တို့ပဲဖြစ်ပါတယ်။

Source - B8 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။