မင်းသမီးချောလေးမအေးသောင်းကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်းအပြည့်အဝရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ အေးချမ်းတဲ့ ချစ်စရာအပြုံးလေးတွေကိုကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

အပျိုကြီးမတ်မတ်တစ်ယောက်ဖြစ်တဲ့ မအေးသောင်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကိုလဲ ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တက်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

မအေးသောင်းကတော့ အေးချမ်းတည်ငြိမ်တဲ့ အလှတရားကို ပိုင်ဆိုင်ထားသလို ဖက်ရှင်ကျကျ အမြဲဝတ်ဆင်တတ်သူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘာမှမပြင်ဆင်ပဲ ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတရားတွေပေါ်လွင်စေတဲ့ အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းဟာ ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းလန်းလွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

Source & Photo Credit : Aye Thaung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။