ပရိသတ်တွေရဲ့အချစ်တော် သးအဆိုတော်သရုပ်ဆောင်နန်းဆုရတီစိုးကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်လေးပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေသလို အရွယ်တင်နုပျိုကာ ဘိုမရုပ်လေးလို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာဟန်ပန်လေးတွေနဲ့လည်း အချစ်ပိုစေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Alinn Yaung Photography
Photo Credit - Nansu Yati Soe's FB Account

ယောပျ်ားပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ရတဲ့ နန်းဆုလေးကတော့ ချစ်စရာကောင်းပြီး လှရက်လွန်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်ပြီး အခုတစ်ခါမှာလည်း အခွီဗီဒီယိုလေးနဲ့ ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။

ရယ်တဲ့လူကို ဝိုင်းရိုက်တဲ့ကစားနည်းလေးကို သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားပြီး အရယ်သန်လို့ ခဏခဏအရိုက်ခံနေရတဲ့ သူတို့သူငယ်ချင်းတစ်စုရဲ့ အူတက်နေအောင် ပျော်စရာအခွီဗီဒီယိုလေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Nansu Yati Soe's FB Account
Photo Credit - Nansu Yati Soe's FB Account

"အရီသန်တော့ မတတ်နိုင်ဘူး.." ဆိုပြီး ပျော်စရာကောင်းသလို ရယ်စရာလည်းကောင်းကြတဲ့ သူတို့ရဲ့ပျော်စရာအခွီဗီဒီယိုလေးကို နန်းဆုက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ပျော်စရာကောင်းသလို ရယ်စရာလေးတွေနဲ့ ခွီးနေရတဲ့ နန်းဆုလေးတို့ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို ကြည့်ရင်းပရိသတ်တွေလည်း အပျင်းပြေကာ ပြုံးပျော်မိကြမယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Nansu Yati Soe's FB Account
Photo Credit - Nansu Yati Soe's FB Account

Source & Photo Credit - Nansu Yati Soe's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။