ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်သူကြသူတွေဖြစ်ပြီး ကိုယ်စီအောင်မြင်မှုတွေလည်း ရရှိထားကြသူတွေဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အမြဲဆေးထိုးကာ စနောက်လေ့ရှိပြီး စိတ်မဆိုးတတ်ကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တာကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ 

Photo Credit- "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit- "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

သူတိူသူငယ်ချင်းသုံးယောက်ကတော့  အတူပေါင်းပြီး ပြုလုပ်ထားတဲ့ ဟာသဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပြီး အဆိုပါဗီဒီယိုဖိုင်လေးတွေဟာလည်း ပရိသတ်တွေကြားလူကြည့်များလျက်ရှိပါတယ်။ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ကတော့ ယခုမှာ တတ်ကျွမ်းတဲ့ ဟာသပညာနဲ့ ပရိသတ်တွေကို အူတတ်အောင် ရယ်မောစေမယ့် အခွီဇာတ်လမ်းလေးကို ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ 

Photo Credit- "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit- "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

" ကျနော်တို့ သုံးယောက်ရဲ့ အခွီဇတ်လမ်းတွေကိုနက်ဖန်ကစပီး တင်ပေးသွားပါတော့မယ်...ကြည့်မယ့်သူများလည်း စတင်ပီး Like and Follow လုပ်ထားကြပါနော်လို့ ပြောပြစေခင်ညာ "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ရဲ့ ပျော်ရွှင်ရယ်မောနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source - "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

Photo Credit- "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit- "N-H-K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။