ပရိသတ်ကြီးရေ တေးသံရှင်Lလွန်းဝါကတော့ တစ်ခေတ်ကတည်းက အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။Lလွန်းဝါက အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင် ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သူ့ရဲ့သီချင်းဟောင်းလေးတွေကလည်း နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။Lလွန်းဝါရဲ့အသံချိုချို‌‌လေးက ပရိသတ်တွေရဲ့နားထဲမှာ စွဲနေစေပါတယ်နော်။

Photo Credit:Lung Wah Lazum's Facebook Account
Photo Credit:Lung Wah Lazum's Facebook Account

Lလွန်းဝါက ချစ်စရာသမီးလေးတွေကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး သမီးလေးတွေကိုလည်းလုံခြုံနွေးထွေးစွာစောင့်ရှောက်ပေးပါတယ်နော်။အခုဆိုရင်တော့ Lလွန်းဝါက ချစ်စရာသမီးငယ်လေးရဲ့ မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့အမှတ်တရစကားလေးတွေနဲ့သမီးလေးတွေကို တွေ့လို့မရပေမယ့် တစ်နှစ်မှမေ့လိုမရတဲ့ဖခင်မေတ္တာတွေကို အောက်ပါအတိုင်းရေးသားလာတာဖြစ်ပါတယ်။

Photo Credit:Lung Wah Lazum's Facebook Account
Photo Credit:Lung Wah Lazum's Facebook Account
Photo Credit:Lung Wah Lazum's Facebook Account

"Happy Birthday ပါ ဒယ်ဒဲသိပ်ချစ်ရတဲ့ သမီးငယ်လေး လုလုရေ Lazum Htoi Latt လတ်တလောပုံမရှိလို့ ပြန်စတွေ့လို့ရတုန်က ပုံဟောင်းလေးနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ် ဒယ်ဒဲရင်ထဲ သမီးလေးတို့အမြဲရှိပါတယ်အရမ်းချစ်တယ် သတိလည်းရပါတယ် ဖုန်းခေါ်လို့မရ wish လုပ်လို့လည်းမရ တွေ့လို့လည်းမရပေမယ့်တစ်နှစ်မှ မေ့မသွားပါဘူးကွယ် သမီးတို့ရဲ့ ဒယ်ဒဲ Lလွန်းဝါ ( May/26/2020)"ဆိုပြီး Lလွန်းဝါက သမီးလေးမွေးနေ့မှာ ရေးသာလာတာဖြစ်ပါတယ်။

Photo Credit:Lung Wah Lazum's Facebook Account
Photo Credit:Lung Wah Lazum's Facebook Account

Source&Photo Credit:Lung Wah Lazum's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။