အောင်လေးကတော့ အရပ်ရှည်ပြီး ရုပ်ဖြောင့်တဲ့အပြင် ဗလလည်းတောင့်တာကြောင့် မိန်းကလေးပရိသတ်တော်တော်များများက ကြွေနေရတာ ဖြစ်ပါတယ်။ ဖြူဥတဲ့ အသားရည်လေးကိုပိုင်ဆိုင်ထားတဲ့ အောင်လေးက တစ်မူထူးခြားစွာ ဆွဲဆောင်မှုရှိနေတဲ့ ကိုလူချောလေးလည်း ဖြစ်ပါတယ်။ အောင်လေးကတော့ ကိုရီးယားမင်သားလေးလို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတာကြောင့် ကောင်မလေးတွေကြွေနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Aung Lay Facebook Account
Photo Credit : Aung Lay Facebook Account

တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်မှုရရှိလာတဲ့ အောင်လေးက ဇာတ်ကားတွေ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရပါတယ်။ အောင်လေးကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေတွက် ဖက်ရှင်အမိုက်စားလေးနဲ့  အထာကျကျခန့်ညားလွန်းနေတဲ့ ခရီးသွား အမှတ်တရ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Aung Lay Facebook Account
Photo Credit : Aung Lay Facebook Account

ပုံလေးတွေထဲမှာ အရမ်းချစ်ဖို့ကောင်းလွန်းပြီး ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေနေတာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ အောင်လေးက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် အောင်လေးရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Aung Lay Facebook Account
Photo Credit : Aung Lay Facebook Account

Source & Photo Credit : Aung Lay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။