မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်ဆန်လှနေတဲ့ ပက်ထရစ်ရှာက ပရိသတ်တွေအသည်းခိုက်အောင် ကြွေနေရတဲ့ မိန်းမလှလေးဆိုရင်လည်း မမှားပါဘူးနော်။ ဒါ့အပြင် ပက်ထရစ်ရှာက အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ခေတ်ဆန်ဆန်လေး လှနေတတ်တာလည်း ဖြစ်ပါတယ်။

Photo Credit : Bling Bling Facebook Account
Photo Credit : Bling Bling Facebook Account

ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ ရှာရှာက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေနဲ့ အမြဲတမ်းအထာကျနေတတ်သူ ဖြစ်ပါတယ်။သူမကတော့ မော်ဒယ်တစ်ယောက်ပီပီ မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားပြေပြစ်ပြီး လှပတဲ့ခန္ဓာကိုယ် အလှကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမကတော့ ယခုမှာ အနပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Bling Bling Facebook Account
Photo Credit : Bling Bling Facebook Account

ပက်ထရစ်ရှာက ဖြူဖွေးဝင်းဥတဲ့အသားအရည်လေးနဲ့အတူ ခန္ဓာကိုယ်လေးကလည်း လုံးဝအမိုက်စားဖြစ်နေတာ ဖြစ်ပါတယ် ။ ရှာရှာကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့ အမိုက်စား အလှပုံလေးတွေကို သူရဲ့ instagram အကောင့်မှာ အများဆုံးဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ကြည့်မိသူတိုင်းရင်ခုန်စွဲမက်ချင်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှလွန်းနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာကြောင့် ချစ်ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Bling Bling Facebook Account
Photo Credit : Bling Bling Facebook Account

Source & Photo Credit : Bling Bling Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။