ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက ထူးဆန်းသော ဘုရားကျောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုဘုရားကျောင်းအမည်ကတော့ "အာဝါရှီမာ"လို့ခေါ်ဆိုတာပါ။ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုမှာ ကလေးကစားစရာ အရုပ်များဟာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အရုပ်များကို ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲ အခမ်းအနားများမှာ အသုံးပြုလေ့ရှိကြပါတယ်။

photo credit pngtree

အာဝါရှီမာ ဘုရားကျောင်းဟာ အမျိုးသမီးများ ကျန်းမာရေးနှင့် ကလေးရရှိရေးအတွက် လာရောက်ဆုတောင်းလေ့ရှိသော နေရာဖြစ်ပါတယ်။ လာရောက်ဆုတောင်းကြသူများဟာ မိမိတို့ သမီးများ အရွယ်ရောက်ချိန်မှာ ကစားစရာ အရုပ်များကို ဘုရားကျောင်းသို့ သွားရောက် ထားရှိကြပါတယ်။ ဘုရားကျောင်းတစ်ခုလုံးဟာ ထောင်ပေါင်းများစွာသော အရုပ်များဖြင့် ပြည့်နှက်နေပြီး အဖိုးတန်ပစ္စည်းများလည်း ရှိနေတာပါ။

photo credit pngtree

အချို့ အရုပ်များဟာ ဝိညာဉ်များကို ထိန်းသိမ်းထားတယ်လို့ ယုံကြည်ကြကာ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်မှာ အရုပ် အချို့ကို စုပုံ၍ လှေများဖြင့် တင်ဆောင်ကာ ပင်လယ်အတွင်းသို့စွန့်ပစ်လေ့ရှိပါတယ်။ အရုပ်များတင်ဆောင်လာတဲ့ လှေကို နှစ်မြှုပ် လိုက်ခြင်းဖြင့် မကောင်ေးသာ ကံဆိုးများဟာ အရုပ်များနှင့် အတူ ပင်လယ်အောက်သို့ ရောက်ရှိသွားတယ်လို့ ယုံကြည်ကြပါတယ်။ အရုပ်အားလုံးနီးပါးဟာ သက်ရှိလူများနှင့် တူညီနေကြကာ တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးကတော့ အသုဘအခမ်းအနား ပြုလုပ်ပြီး အရုပ်များကို မီးရှို့ခဲ့တယ်ဆိုတဲ့ ရာဇဝင်လည်း ရှိခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။