ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အီတလီနိုင်ငံက ခရာကို မြို့အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အီတလီနိုင်ငံရှိ ခရာကိုဟာ တောင်စောင်းမှာ တည်ထားတဲ့ အလွန်လှပသော မြို့ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် စွန့်ပစ်ခံ ထားရသော မြို့ဖြစ်ပါတယ်။ အီတလီနိုင်ငံတောင်ပိုင်း၊ တောပိုင်းဒေသမှာ တည်ထားခဲ့တဲ့ ဥရောပ အလယ်ခေတ် ကျေးရွာဟောင်းဟာ လှပသော ရှုခင်းများနှင့် တိုက်ခိုက်လာနိုင်မယ့် ရန်စွယ်သတိပေးမှုများကို မြင်တွေ့ရမှာပါ။

photo credit pngtree

ခရာကိုဟာ တစ်ချိန်က လူဦးရေများစွာ တိုးတက်ခဲ့တဲ့ မြို့ဖြစ်ခဲ့သော်လည်း ၁၆၅၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပလိပ် ရောဂါ ကြောင့် ရာပေါင်းများစွာသော မြို့နေသူများသေဆုံးခဲ့ကြရတာပါ။ ၁၈၉၂ ခုနှစ်နှင့် ၁၉၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွား ပြင်းထန်သော ငတ်မွတ်မှုဘေးဒဏ်ကြောင့် ဒေသနေသူ အများအပြားဟာ မြောက်အမေရိကသို့ ရွှေ့ပြောင်းထွက်ခွာခဲ့ကြပါတယ်။

photo credit pngtree

တောင်စောင်းမှာ တည်ခဲ့သဖြင့် ခရာကိုဟာ တောင်ပြိုမှုဒဏ်ကိုလည်း ကာလကြာရှည်စွာ ခံစားခဲ့ကြရပါတယ်။ ၁၉၆၃ ခုနှစ်မှာ ခရာကို မြို့သား ၁၈၀၀ကျော်ဟာ မြို့ကို စွန့်ခွာခဲ့ကြတဲ့ နောက်ပိုင်းမှာ ရှေးမြို့ဟောင်းဟာ အစွန့်ခံ မြို့အဖြစ် ကျန်ရှိနေခဲ့ပါတယ်။ ခရာကို မြို့မြင်ကွင်းကို "The Passion of the Christ"၊ "Quantum of Solace"နှင့် "Saving Grace" ရုပ်ရှင်ဇာတ်ကား များမှာ မြင့်တွေ့ကြရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။