တစ်ခေတ်တစ်ခါက တီဗီကြော်ငြာများနဲ့ဗီဒီယိုဇာတ်ကားများတွင် နေရာယူထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကိုမလုပ်တော့ဘဲ မိသားစုကိုသာအချိန်ပေးနေတာလည်း ဖြစ်ပါတယ်။ နန္ဒာဟာ စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်နေတာပဲဖြစ်ပြီး အားလပ်ချိန်များတွင်တော့သမီးလေးတွေကို အချိန်ပေးလေ့ရှိသူမိခင်ကောင်း တစ်ယောက်ပါ။ 

Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account

သူမရဲ့ သမီးလေးတွေဟာလည်း ပညာရေးတွင် ထူးချွန်ရုံမဟုတ်ဘဲ ညီအစ်မတွေ ချစ်ချစ်ခင်ခင်နဲ့ လိမ္မာရေးခြားလည်း ရှိလွန်းတာကြောင့် နန္ဒာတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ကြည်နူးပီတိဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ နန္ဒာဟာ Home Stay ကာလလေးမှာ သမီးလေးတွေအတွက် အာဟာရရှိပြီး လတ်ဆတ်ကောင်းမွန်တဲ့ သွားရည်စာမုန့်လေးတွေကို မရိုးရအောင် လုပ်ကျွေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သမီးလေးတွေရဲ့ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account

ဒါကတော့ ဧရာမပီဇာကြီးကို အားရပါးရစားနေကြတဲ့ နန္ဒာလှိုင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ အစားလျော့ပြီး လေ့ကျင့်ခန်းလုပ်နေရတဲ့ သမီးဝတီကိုလည်း " တစ်ခုတော့ စားလို့ရပါတယ် " ဆိုပြီး ချစ်စရာကောင်းအောင် ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နန္ဒာလှိုင်သမီးလေးသုံးယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nandar Hlaing’s Facebook Account 

Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။