ချစ်ဖူးခဲ့သမျှဆိုတဲ့ သီချင်းအခွေလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်တဲ့ အဆိုတော်ပိုပိုကတော့ အချိန်အတော်ကြာအနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်သူလေးပဲဖြစ်ပါတယ်။ အဆွေးသီချင်းလေးတွေ အချစ်သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိထားတဲ့ သူမကတော့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit : ပိုပို 's Facebook Page
L
Photo Credit : ပိုပို 's Facebook Page

လွတ်လပ်စွာနေထိုင်တတ်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ပိုပိုကတော့ မကြာခင်ရက်ပိုင်းက Holiday သီချင်း MV လေးကို ထွက်ရှိထားခဲ့ပြီး အဆိုပါသီချင်လေး ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေခဲ့ပါတယ်။ သူမကတော့ ယခုမှာ အိမ်နေရင်းလွတ်လပ်တဲ့ ပုံစံလေးနဲ့ မိုးရွာရွာထဲမှာ ပျော်ရွှင်စွာ မိုးရေချိုးနေခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ 

Photo Credit : ပိုပို 's Facebook Page
Photo Credit : ပိုပို 's Facebook Page

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ " မိုးရွာရင် မိုးရေ ချိူးမယ် ​" ဆိုပြီး အမိုက်စားပုံရိပ်လေးတွေနဲ့အတူ သူမရဲ့လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ အမိုက်စားပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုရဲ့ မိုးရွာရွာထဲမှာ မိုးရေချိုးနေခဲ့တဲ့ ကြွေလောက်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source : ပိုပို 's Facebook Page 

Photo Credit : ပိုပို 's Facebook Page
Photo Credit : ပိုပို 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။