မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ နန်းမြတ်က ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ကို ချစ်တာလည်း ဖြစ်ပါတယ် ။ သားလေးကလည်း မေမေချစ်မဝဖြစ်ရလောက်အောင်ကို မျက်နှာလေးက ချစ်စရာလေးဖြစ်နေတာ ဖြစ်ပါတယ် ။

Photo Credit -Nann Myat Phyo Thinn's FB Acc
Photo Credit -Nann Myat Phyo Thinn's FB Acc
Photo Credit -Nann Myat Phyo Thinn's FB Acc

နန်းမြတ်က သားလေး Jack Jack ကိုအချိန်ပြည့်ပြုစုစောင့်ရှောက်နေသလို တစ်ခါတစ်ရံမှာလည်း အနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း မေမေနန်းမြတ်က သားလေးကိုထိန်းရင်း ကလေးထိန်းရတာမလွယ်ကြောင်း ဗီဒီယိုလေးနဲ့အတူတင်ပေးထားတာ ဖြစ်ပါတယ် ။ နန်းမြတ်ကတော့ သားလေးရယ်မောပျော်ရွှင်နေအောင် ဘေးကနေတစ်မျိုးပြီးတစ်မျိုး လိုက်စပေးနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit -Nann Myat Phyo Thinn's FB Acc
Photo Credit -Nann Myat Phyo Thinn's FB Acc
Photo Credit -Nann Myat Phyo Thinn's FB Acc

Jack Jack လေးကလည်း မေမေနန်းမြတ်ရဲ့အမူအရာလေးတွေကိုကြည့်ပြီး သဘောတွေကျလို့နေတာပဲ ဖြစ်ပါတယ် ။ ခိုးခိုးခစ်ခစ်ရယ်မောနေတဲ့ Jack Jack လေးနဲ့ သားလေးကိုကြည့်ပြီးပျော်နေတဲ့ မေမေနန်းမြတ်တို့ရဲ့မြင်ကွင်းလေးကတော့ ကြည်နူးစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းမြတ်ဖြိုးသင်းတို့သားအမိရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Nann Myat Phyo Thinn's FB Acc

Photo Credit -Nann Myat Phyo Thinn's FB Acc
Photo Credit -Nann Myat Phyo Thinn's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။