အရပ်ရှည်ရှည်နဲ့ စမတ်ကျပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်မင်းခန့် ပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်က အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပါ။ သူက MRTV -4ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်လေ့ရှိပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရသူပါ။

Photo credit - Aung Min Khant's facebook account
Photo credit - Aung Min Khant's facebook account

လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို အောင်မင်းခန့်က ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ အိပ့်လိုက်စားလိုက်နဲ့ အချိန်ကုန်နေသူပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ နေရလို့ အရင်ကထက် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ခန့်ညားလှပလာတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အမိုက်စား ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

Photo credit - Aung Min Khant's facebook account

ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ စမတ်ကျလှပနေတာကြောင့် မိန်းကလေးပရိသတ်တွေ အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။ ကဲ ချစ်ရတဲ့ ပရိသတ်ကြီးကလည်း မင်းသားချောလေး အောင်မင်းခန့် ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်. ။ ဒါ့အပြင် သူ့ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ရတဲ့ ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်.... ။

Photo credit - Aung Min Khant's facebook account
Photo credit - Aung Min Khant's facebook account

Source & Photo credit - Aung Min Khant's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။