ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ကတော့ ဇာတ်လမ်းတွဲ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးကာ ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူပါနော်...။ 

Photo credit - Khin Thazin's facebook page
Photo credit - Khin Thazin's facebook page

လတ်တလောမှာလည်း ခင်သဇင်က " အချစ်ဖွဲလေညင်း " ဇာတ်လမ်းတွဲလေးမှာ မိုးကလျာအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ ပုံဖော်နိုင်တာကြောင့် ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပဲ ဖြစ်ပါတယ်...။ ခင်သဇင်က သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားနေကြတာပဲ ဖြစ်ပါတယ်...။ 

Photo credit - Khin Thazin's facebook page
Photo credit - Khin Thazin's facebook page

ခင်သဇင်က မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " မနေ့ကလိုပဲ သူငယ်ချင်း ဇာတ်ကားအတွက် poster photo shoot လေးမှာ

ဇာတ်လမ်းလေး ထွက်လာရင် အားပေးကြဦးနော်" ဆိုတဲ့ စာသားလေးနဲ့အတူ အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်... ။ ခင်သဇင်ရဲ့ အသစ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးကိုလည်း ချစ်ရတဲ့ ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်.......။ 

Photo credit - Khin Thazin's facebook page
Photo credit - Khin Thazin's facebook page

Source & Photo credit - Khin Thazin's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။