ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Merida" မီရိဒါ ကဇာတ်ရုံ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိရိဒါ ဒေသမှာ ထူးခြားသော အဆောက်အအုံများစွာ ရှိနေသော်လည်း ကောင်စစ်ဝန် မာကပ်စ် အဂရစ်ပါ ဆောက်လုပ်ခဲ့ သော ကဇာတ်ရုံဟာ မြို့တော်အတွင်း အခမ်းနားဆုံးဖြစ်ခဲ့ပါတယ်။

photo credit pngtree

မိရီဒါ ဇာတ်ရုံဟာ ဂန္ထဝင် ရောမ ဇာတ်ပွဲရုံ ဒီဇိုင်းများရဲ့ အကောင်းဆုံး ပုစံတစ်ခု ဖြစ်ပါတယ်။ မျဉ်းပြိုင် ထိုင်ခုံတန်း သုံးဆင့်ရှိတာ ဖြစ်ပါတယ်။ ပွဲကြည့်လာသူတို့ရဲ့ လူမှု အဆင့်ပေါ် မူတည်ကာ သုံးဆင့် ခွဲခြားထားပြီး ဇာတ်ရုံအတွင်း ပွဲကြည့်ပရိတ်သတ် ၅၅၀၀ ခန့် ဝင်ဆန့်တယ်လို့ ဆိုကြပါတယ်။

photo credit pngtree

နောက်ပိုင်း ရာစုနှစ်များမှာ မီရိဒါ ဇာတ်ရုံကို ဗိသုကာ ပုံစံဒီဇိုင်းအသစ်များ၊ ပြင်ဆင် မွမ်းမံမှု အသစ် များကို အကြိမ်များစွာ ဆောင်ရွက်ခဲ့ပါတယ်။ ရှေးဟောင်းဇာတ်ရုံကြီးကို ၁၉၇၀ ပြည့်နှစ်မှာ နောက်ဆုံး အကြိမ် ပြင်ဆင်မွမ်းမံခဲ့တာပါ။ ဂန္ထဝင်မြောက် မီရိဒါ ဇာတ်ရုံမှာ ယနေ့ထိတိုင် ဖျော်ဖြေ တင်ဆက်ပွဲများ ကျင်းပပြုလုပ် လျက်ရှိပြီး ဇာတ်ရုံရဲ့ နှစ်ပတ်လည်ပွဲတော်ကိုလည်း ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။