ပရိတ်သတ်ကြီးရေ....ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာပြီး Mrtv-4ရဲ့မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ သံသာမိုးသိမ့်ကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်အားပေး၀န်းရံမှုရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

သံသာမိုးသိမ့်ဟာ ယခုထုတ်လွှင့်ပြသနေတဲ့ အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးမှာ သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ မေပျိုဖြူအနေနဲ့ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာဆိုရင်လည်း ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိနေတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်နော်။ သံသာမိုးသိမ့်ဟာ မကြာခင်အချိန်တုန်းက သူမရဲ့pageအတုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတာပါ။

အခုဆိုရင်တော့ သံသာမိုးသိမ့်ရဲ့ official pageလေးဟာဆိုရင် blue markရရှိသွားပြီဖြစ်ပါတယ်။ သူမရဲ့pageလေး blue markရရှိသွားတဲ့အကြောင်းကို"သံသာရဲ့ official page လေး Blue mark ရသွားပါပီ .. စိတ်ရှည်လက်ရှည်နဲ့ကူညီပေးတဲ့ မကြီး Su Myat Khine အရမ်းကျေးဇူးတင်ပါတယ်လို့စ်page လေးကိုလည်း Like & Follow လေးလုပ်ပေးပါအုံးနော်" ဆိုပြီးတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Than Thar Moe Theint's Facebook acc

Photo credit-Than Thar Moe Theint's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။