တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ခန့်က သူမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲလေးဖြစ်တဲ့ " လေးစုံတွဲ " ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရကာ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေ ၊ ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်.....။ 

Photo credit - Khant 's facebook page
Photo credit - Khant 's facebook page

လတ်တလောမှာလည်း ခန့်က " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်တက်တာကြောင့် ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပါနော်.။ ခန့်က ဇာတ်လမ်းတွဲလေးထဲမှာ စိတ်ထားကောင်းပြီး ကျေးဇူးတရားသိတက်တဲ့ အတွင်းရေးမှူးမလေး ရှေးရေစက်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ခန့်က မကြာခဏဆိုသလို ဇာတ်လမ်းတွဲလေးထဲက ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo credit - Khant 's facebook page
Photo credit - Khant 's facebook page

ယနေ့မှာလည်း ပရိသတ် အချစ်တော်မလေး ခန့်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ "ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူယှဉ်လာရင် ဘယ်သူ့ကိုရွေးမလဲဟင်" ဆိုပြီး ချစ်ရတဲ့ ပရိသတ်တွေကို မေးခွန်းထုတ်ရင်း ပြစ်ချက်မရှိလှပနေတဲ့ သူမရဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ခန့်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်. ။ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲက ရှေးကိုလည်း ဆက်လက်အားပေးဖို့ တောင်းဆိုလိုက်ပါတယ်နော်....... ။

Photo credit - Khant 's facebook page
Photo credit - Khant 's facebook page

Source & Photo credit - Khant 's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။