မြင်သူငေးရလောက်တဲ့ တောင်တင်းလှပပြီး အချိုးအစားပြေပြစ်လွန်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသမီးချော မအေးသောင်းကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်. ။ မအေးသောင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးလက်ခံမှုကို အပြည့်အဝရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်...။

Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account

မအေးသောင်းက အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးကာ ပွဲအခမ်းအနား အတော်များများကိုလည်း တက်ရောက်နေရတဲ့ သူပါနော်။ ဒါ့အပြင် မအေးသောင်းက သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း Tiktok videoလေးတွေနဲ့ အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေဆီကို အမြဲလိုလို မျှဝေပေးလျက်ရှိနေတာလည်း ဖြစ်ပါတယ်.....။

Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account

ယခုမှာလည်း ပြည်သူချစ်အနုပညာရှင် မအေးသောင်းကတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " ကိုယ်မရှိရင် သေသွားမှာ သူတို့လေးတွေပဲရှိတာ.. တကယ် အဟုတ်" ဆိုတဲ့ စာသားလေးနဲ့အတူ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ကာ ပုရိသတို့အသည်းကို ဖမ်းစားညှို့ယူလိုက်တဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ မအေးသောင်းရဲ့ ပုံလေးတွေတိုင်းက တကယ်ကို ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။

Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account
Photo credit - Aye Wutyi Thaung's facebook account

Source & Photo credit - Aye Wutyi Thaung's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။