ပရိသတ်ကြီးရေ သရုပ်ဆောင်ပိုင်းမှာသာမကပဲ အဆိုပိုင်းနဲ့ အကမှာရော ဘက်စုံတော်တဲ့ ခြူးလေးကတော့ MRTV -4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သူလေးပါနော်.။ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တက်တာကြောင့် ပုရိသယောကျာ်လေးပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာပါနော်.....။

Photo credit - Chue Lay's facebook page
Photo credit - Chue Lay's facebook page

ခြူးလေးက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း Tiktok videos တွေနဲ့ အပျင်းပြေဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံလေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာမှ တဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်....။

Photo credit - Chue Lay's facebook page
Photo credit - Chue Lay's facebook page

ယခုမှာလည်း ပြည်သူချစ် အနုပညာရှင် ခြူးလေးက " အချစ် ဆိုတာ .... စိတ်ဆင်းရဲ ခံစားဖို့ မဟုတ်ဘူး " ဆိုတဲ့ စာသားလေးနဲ့အတူ အနီရောင်တောက်တောက်ဖက်ရှင်လေးကို ဝတ်ဆင်ကာ ညှို့အားပြင်းလွန်းတဲ့ အကြည့်တွေနဲ့ ကြည့်ကာ ပုရိသပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားလိုက်ပြန်ပြီနော်. ။ ခြူးလေးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်.......။

Photo credit - Chue Lay's facebook page
Photo credit - Chue Lay's facebook page

Source Photo credit - Chue Lay's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။