ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးခြားဆန်းပြားသော အစားအသောက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "ခ့ါရှ် စွပ်ပြုတ်" အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အရှေ့အလယ်ပိုင်းဒေသမှာ ဆောင်းရာသီတွင် ချမ်းသာကြွယ်ဝသူများသာ စားသုံးလေ့ရှိခဲ့တယ်လို့ ယူဆကြသော အစား အသောက်တစ်မျိုးမှာ ခ့ါရှ် စွပ်ပြုတ်ဖြစ်ပါတယ်။ ဝမ်းပြည့်အောင် စားစရာမျိုးစုံကို ရောနှောပြုတ်ထားတဲ့ ဟင်းပွဲမှာ နွားခြေ ထောက်၊ ခေါင်းနှင့် ဝမ်းပိုက်သားတို့ ပါဝင်ပါတယ်။ ထိုအရာတွေဟာ အနံ့စူးရှတာကြောင့် သေချာပြုတ်ရပြီး နောက်ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များ၊ သံပုရာ၊ ငြုတ်ကောင်း၊ ကြက်သွန်ဖြူများထည့်ပြီး သောက်သုံးကြတာပါ။

photo credit pngtree

တစ်ခါတစ်ရံမှာ ခါ့ရှ် စွပ်ပြုတ်ထဲသို့ ပေါင်မုန့်ခြောက်များ ထည့်စားလေ့ရှိကြပါတယ်။ ခါ့ရှ်ကို အဓိက စားဖွယ်အဖြစ် စားလေ့ ရှိကြသကဲ့သို့ဟင်းရွက်စိမ်းများ၊ သနပိများ၊ ဒိန်ခဲများနှင့်ပူစပ်သော ငြုတ်ကောင်းများရောစွက်ကာ အရံဟင်းအဖြစ်လည်း စားသုံးကြပါတယ်။ စားသောက်ဆိုင်ကြီးများမှာ ခ့ါရှ် ကို အမြဲတစေ မရရှိနိုင်ဘဲ ပါတီပွဲများနှင့် အချို့သော အထိမ်းအမှတ် အခမ်းအနားများမှာသာ ကြိုတင်မှာယူ သောက်သုံးကြရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။