ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန် နေအလံ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နေမင်းအလံဟာ ဂျပန်နိုင်ငံရဲ့ ဘုရင့်ရေတပ်မတော် အလံ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်အထိ အသုံးပြုခဲ့တဲ့ ဂျပန် ဘုရင့်တပ်မတာ်ရဲ့ အလံလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ဂျပန်နိုင်ငံ ကိုယ်ပိုင် ကာကွယ်ရေးတပ်ရဲ့ အလံအဖြစ် အသုံးပြုလျက်ရှိတာပါ။

photo credit pngtree

ထိုအလံကို ဂျပန်နိုင်ငံ နှစ်ကူးချိန်များနှင့် အားကစားပြိုင်ပွဲများမှာလည်း လွှင့်ထူလေ့ရှိပါတယ်။ ထို အလံဒီဇိုင်းဟာ ဂျပန်နိုင်ငံတော်အလံနှင့် ဆင်တူပြီး အလယ်မှာ နေမင်းကို ဖော်ညွှန်းတဲ့ အနီရောင် စက်ဝိုင်း တစ်ခုပါရှိတာပါ။ ဒါပေမယ့် နေမင်းမှ ဖြာထွက်လာတဲ့ အလင်းတန်း အရေအတွက်တော့ မတူညီပါဘူး။ ထိုနေအလံကို ပင်လယ်ရပ်ခြားဒေသများမှာ မဲဂျီခေတ်မှ ဒုတိယကမ္ဘာစစ် ကာလအထိ အသုံးပြုခဲ့ကြတာပါ။

photo credit pngtree

ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့တာကြောင့် ၁၀၄၅ ခုနှစ် သြဂုတ်လမှ စတင်ပြီး မဟာမိတ်တပ်များက ထိုအလံကို အသုံးမပြုရန် ပိတ်ပင်ခဲ့ပါတယ်။ သို့သော် ၁၉၅၄ ခုနှစ်မှာ ဂျပန်နိုင်ငံက ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ကို ထူထောင်ခွင့်ရချိန်မှာတော့ ထိုအလံကို ပြန်လည် အသုံးပြုခဲ့ပါတယ်။ ယခုအခါမှာတော့ ရောင်ခြည်တန်း ၁၆ ခုပါဝင်သော အလံကို ပင်လယ်ပြင်လုံခြုံရေးတပ်ဖွဲ့အလံအဖြစ်လည်းကောင်း၊ ရောင်ခြည်တန်း ရှစ်ခုပါဝင်သောအလံကို မြေပြင်လုံခြုံရေးတပ်ဖွဲ့အလံ အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်တို့ရဲ့ ကျူးကျော်မှုကို ခံခဲ့ရသော တရုတ်နှင့် ကိုရီးယားနိုင်ငံများမှာ ဂျပန်အလံကို ဂျပန်နိုင်ငံရဲ့ နယ်ချဲ့ သင်္ကေတ တစ်ခုလို့ မှတ်ယူခဲ့ကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။