ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သက်တမ်း နှစ်ပေါင်း ခုနှစ်သိန်းမှ တစ်သန်းအကြား ကြာမြင့်ပြီလို့ ယူဆရတဲ့ "Java Man" ဂျာဗားလူရဲ့ ကျောက် ဖြစ်ရုပ်ကြွင်းတွေ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုမတ်ရပ်လူ "Homo Erectus" ကျောက်ဖြစ်ရုပ်ကြွင်းကို အင်ဒိုနီးရှားနိုင်ငံမှာ ၁၈၉၁ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဂျာဗားလူဟာ ၁၉ ရာစု နှောင်းပိုင်းမှာ တွေ့ရှိခဲ့သော ပထမဆုံး အဓိက လူသားရုပ်ကြွင်းတစ်ခုဖြစ်ကာ အစောပိုင်း လူသားမျိုးနွယ် နမူနာ တစ်ခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့် သိရှိခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဂျာဗားလူရဲ့ အံသွား၊ ဦးခွံ နှင့် ပေါင်ရိုး တို့ကို ကျောက်ခေတ် မနုဿပညာရှင် ယူဂျင်းဒူဘွား (Eugène Dubois) က တွေ့ရှိခဲ့တာပါ။ ဒူဘွားက သူ့ရဲ့ တွေ့ရှိမှုဟာ မျောက်ဝံများနှင့် လူသားများအကြား ကွင်းဆက်ပြတ်နေသော ဆက်သွယ်မှုကို ကိုယ်စားပြုနေကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာဗားလူကို တွေ့ရှိပြီး ၁၀ နှစ်အတွင်းမှာ ဒူဘွား တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး များစွာသော စာအုပ်နှင့် ဆောင်းပါးများ ရေးသား ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

သို့သော် ဂျာဗားလူဟာ အငြင်းပွားဖွယ် ကိစ္စများရှိနေခဲ့ကာ လူသားများနှင့် လူဝံများအကြား ကူးပြောင်းခဲ့သော ပုံစံကို ကိုယ်စားမပြုကြောင်း ငြင်းခုန်မှုများ အများအပြားပေါ်ထွက်ခဲ့ပါတယ်။ ဆင့်ကဲပြောင်းလဲမှု ဆိုင်ရာ ဇီဝဗေဒပညာရှင် "Ernst Mayr" က ဂျာဗားလူဟာ မတ်ရပ်လူဖြစ်ကြောင်း ပြန်လည် သတ်မှတ်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်များမှာတော့ သိပ္ပံပညာရှင်အချို့က ဂျာဗားလူကို အခြားသော မတ်ရပ်လူများမှ ခွဲထုတ်ကာ "Homo erectus erectus" လို့ အမည်တပ်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။