ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းစာတွေနဲ့ ပတ်သက်ပြီး မှတ်သားရအောင် တင်ဆက်ပေးသွားမှာပါ။ ထိုသတင်းစာကတော့ "La Gaceta de Madrid" လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ နေ့စဉ် အချိန်နဲ့တပြေးညီ လူမှုကွန်ယက် စာမျက်နှာပေါ်က မင်းသား၊ မင်းသမီးတွေရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ ပြည်တွင်းပြည်ပ အားကစား သတင်းတွေ (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့က ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

စပိန် ဘုရင့်နိုင်ငံတော်မှာ ၁၆၆၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ "La Gaceta de Madrid" စပိန်ဘာသာ သတင်းစာကို ပထမကတော့ ထုတ်ဝေသူရဲ့ အမည်ကို မသိရှိခဲ့ပါဘူး။ ၁၉၃၆ ခုနှစ်မှာတော့ ထိုသတင်းစား အမည်ကို "Boletin Oficial del Estado" လို့ ပြောင်းလဲပြီး BOE လို့ အတိုကောက် ခေါ်ဆိုခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ စပိန်နိုင်ငံ အစိုးရရဲ့ တရားဝင် အစိုးရ ပြန်တမ်းဝင် သတင်းစာ အဖြစ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

ထိုသတင်းစာကို တနင်္ဂနွေ့နေ့ တစ်ရက်ကလွဲပြီး ယနေ့ထိတိုင် နေ့စဉ် ထုတ်ဝေလျက်ရှိကာ ၁၉၇၈ ခုနှစ်မှာတော့ စပိန်နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အစိုးရရဲ့ အမိန့်ဒီဂရီများ၊ ဥပဒေများ၊ သတ်မှတ်ချက်များ၊ အမိန့်များနှင့် အခြား အက်ဥပဒေများကို အဓိက ပုံနှိပ်ထုတ် ဝေခဲ့တာပါ။ BOE ဟာ စပိန် ဘုရင့် နိုင်ငံတော်ရဲ့ တရားဝင် ဂျာနယ်လည်းဖြစ်ပြီး စပိန်နိုင်ငံ တော်ဝင် သဘောတူညီချက်ဖြင့် ထုတ်ဝေခဲ့တာပါ။ သမ္မတရုံးရဲ့ အတည်ပြုချက်ကိုရပြီးမှသာ သတင်းစာ တစ်စောင်စီကို ရိုက်နှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ထိုသတင်းစာကို အွန်လိုင်းပေါ်မှာ မြင်တွေ့ခဲ့ကြပြီး လူသိများ ထင်ရှားလာတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။