ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးခြားဆန်းပြား အံ့သြဖွယ် အဖြစ်အပျက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ချောကလက်စားသော မာယာ လူမျိုးတွေအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သား သိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀က မီဆို အမေရိကရှိ အိုလ်မက်တို့ဟာ ချောကလက်ကို စားသုံးနိုင်ရန်နှင့် ပြုလုပ်ပုံအချို့ကို ပထမဆုံး သိရှိကြသူများလို့ ဆိုမှတ်ဖွယ် ရှိခဲ့တာပါ။

photo credit pngtree

ရှေးဟောင်းသုတေသန အထောက်အထားများ အရ မာယာတို့ဟာ ကိုကိုးစေ့ကို အနည်းဆုံး နှစ်ပေါင်း ၂၆၀၀ ခန့်က ထုတ်လုပ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဂွာတီမာလာနိုင်ငံမှာ တွေ့ ရှိခဲ့တဲ့ မာယာတို့ရဲ့ ကြွေထည်ပစ္စည်းများမှာ ကိုကိုးစေ့ရဲ့ ဓာတုဗေဒ လက္ခဏာများကို တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်းအား ဖြင့် ခရစ်တော် မပေါ်မီ နှစ် ၆၀၀ ခန့်က ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မာယာတို့ သောက်သုံးခဲ့ကြတဲ့ ချောကလက်ဟာ ယနေ့ခေတ်မှာ သောက်နေကြသလိုမျိုး ချောကလက်ရည်အပူနှင့် ပြုလုပ်ထားတာတော့မဟုတ်ပါဘူး။

photo credit pngtree

ထိုချောကလက်မှာ ပါဝင်တဲ့ အရာတွေက ကိုကိုးစေ့ကို ရေ၊ ပျားရည်၊ ငြုပ်သီးမှုံ့၊ ပြောင်းမှုံ့ အကြမ်းနှင့် အခြားသော အရာများ ရောနှောကာ အမြှုပ်ထပြီး မွှေးကြိုင်နေတဲ့ အရည်အဖြစ် သောက်ခဲ့ကြမယ်လို့ ယူဆခဲ့ကြတာပါ။ အရေးကြီးသော အခမ်းအနားနှင့် ရိုးရာပွဲများတွင် အဓိကအရာ တစ်ခုအဖြစ် ကိုကိုးစေ့ ချောကလက် သောက်သုံးတာများကို မာယာတို့ရဲ့ အနုပညာ လက်ရာများနှင့် အရုပ်စာများမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် "Dresden Codex" အရုပ်စာမှာ အာစာရ နတ်သား "Kawil" က ကိုကိုး စေ့များပါရှိတဲ့ ခွက်ကို ကိုင်ထားတာပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။