ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အလှပဆုံး စာကြည့်တိုက် ၁၀ ခုမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Library of Congress" စာတိုက်ကြီး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားသော အတွင်းပိုင်း ဒီဇိုင်းများဖြင့် တည်ဆောက်ထားသော ကမ္ဘာ့ အလှပဆုံး စာကြည့်တိုက် တစ်ခုလို့ဆိုရမှာပါ။ သက်တမ်း နှစ် ပေါင်း ရာနှင့်ချီပြီး ကြာမြင့်ခဲ့ပြီ ဖြစ်ကာ စုဆောင်းထားတဲ့ စာအုပ်တွေလည်း များစွာ ထားရှိထားတာပါ။
ထိုစာအုပ်များထဲတွင် အချို့ဟာ နှစ် ၁၀၀၀ ကျော်က ထုတ်ဝေခဲ့တဲ့ စာအုပ်များဖြစ်ကြပါတယ်။ ကမ္ဘာ့ အလှဆုံး စာရင်းဝင် စာကြည့်တိုက်များဟာ အချို့က အမျိုးသား စာကြည့်တိုက်များဖြစ်ပြီး အချို့မှာ ဘုရားရှိခိုး ကျောင်း စာကြည့်တိုက်များ ဖြစ်ကြပါတယ်။ စာကြည့်တိုက်များအားလုံးကို ပန်းပုရုပ်များ၊ မျက်နှာကြက် ပန်းချီများနှင့် အခြား အဆင်အယင်များဖြင့် မွမ်းမံထားတာပါ။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ ကွန်ဂရက် စာကြည့်တိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်း အရှည်ဆုံး စာကြည့်တိုက် ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး စာကြည့်တိုက်လို့ သတ်မှတ်ထားတဲ့ "Library of Congress" ဟာ ကမ္ဘာတစ်ဝန်းမှ ဘာသာစကား ၄၅၀ ဖြင့် ရေးသားထားတဲ့ စာအုပ်များကို စုဆောင်းထားတာပါ။ ကွန်ဂရက်စာကြည့်တိုက်ကို ၁၈၀၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ ထူထောင်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ် သမ္မတ သောမတ်စ် ဂျက်ဖာဆန်လက်ထက်မှာ တည်ဆောက်ပြီးစီးခဲ့တာပါ။ ထိုစာကြည့်တိုက်ကြီးမှာ စာအုပ် ၃၈ သန်း၊ မှတ်တမ်း ၃ ဒသမ ၆ သန်း၊ ဓာတ်ပုံ ၁၄ သန်း၊ မြေပုံ ၅ ဒသမ ၅ သန်းရှိကာ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော် အမတ် ၅၃၅ ဦးနှင့် သူတို့ရဲ့ ဝန် ထမ်းများက အသုံးပြုကြတာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။