ပရိတ်သတ်ကြီးရေ.....beauty bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာပြီးအားပေးချစ်ခင်မှုရရှိထားတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။
သူမဟာ social influencerတစ်ယောက်အနေနဲ့လည်း အောင်မြင်စွာရပ်တည်နေနိုင်တဲ့သူတစ်ဦးဖြစ်ပြီး အနုပညာလောကဘက်ထိပါအောင်မြင်မှုတွေရရှိလာတဲ့သူတစ်ဦးဖြစ်ပါတယ်။
နေခြည်ဦးဟာ ကြော်ငြာတွေ music videoတွေလည်းရိုက်ကူးရုံသာမက မင်းသမီးတစ်ယောက်အနေနဲ့ပါရုပ်ရှင်ကားကြီးတွေရိုက်ကူးထားတာဖြစ်ပါတယ်။ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ ဧည့်သည်၊အခမ်းနားဆုံးမေတ္တာစတဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိတ်သတ်အားပေး၀န်းရံမှုအပြည့်အ၀ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်နော်။
နေခြည်ဦးဟာ သူမရဲ့အမိုက်စားပုံရိပ်လေးတွေ၊vlogsလေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် ဘိုဆန်ဆန်ပြင်ဆင်ထားတဲ့ မိတ်ကပ်စတိုင်လေးနဲ့လိုက်ဖက်မှုရှိနေတဲ့ခပ်မိုက်မိုက်ပုံလေးတွေကို တင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် နေခြည်ရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။