မတ်လ ၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ အလက်ဇန်းဒါး ဂရေဟမ် ဘဲလ် ဟာ တယ်လီဖုန်းတီထွင်ခဲ့သူ တစ်ဦးဖြစ် ကြောင်းကို ပြောပြချင်ပါတယ်။ တစ်ချို့ကတော့ သုံးသာသုံးနေတာ ဒီဖုန်းကို ဘယ်သူကစပြီး တီထွင်ခဲ့လဲ ဆိုတာကို မသိတဲ့သူတွေလည်း အများသားပါ။သူကွယ်လွန်ခဲ့တာ ၉၅ နှစ်ပြည့်တော့ မှာဖြစ်ပါတယ်။သူမှာ ထူးခြားတာတစ်ခုကတော့ မိခင်နဲ့ ဇနီးဖြစ်သူတွေဟာ နားမကြားသူများဖြစ်ကြပါသတဲ့။ အမေဖြစ်သူနားမကြား တာကြောင့် အကြားနှင့်အပြောဆိုင်ရာသုတေသန ပြုမှုများကြောင့် အသံကြားကိရိယာ တီတွင်မှုများကြောင့် ၁၈၇၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ရဲ့ ပထမဆုံး တယ်လီဖုန်းမှုပိုင်ခွင့် ကို ရရှိခဲ့ပါတော့တယ်။ ဘဲလ်ရဲ့ အဖေဟာ ဝေါဟာရ အသံထွက်ပညာရှင် ပါမောက္ခ အလက်ဇန်းဒါအမ် ဘဲလ် ဖြစ်ပြီးတော့ အမေကတော့ အယ်လ်လီ ဇာ ဂရေ့စ် ဖြစ်ပါတယ်။ ဘဲလ်ကတော့ အသက် ၁၂ နှစ် အရွယ်မှာ ဂျုံခွံချွတ် လက်လုပ်စက်ကိုလည်း တီထွင်ခဲ့ ပါသေးတယ်။

ဘဲလ်ဟာ ကျောင်းပညာရေးမှတ်တမ်းများမှာ ထူးချွန်မှုမရှိပါသော်လည်း အသက် ၁၅ နှစ်အထိ ပညာသင်ယူခဲ့ ပါ တယ်။ဘဲလ်မိသားစုဟာ ၁၈၆၅ ခုနှစ် လန်ဒန်ကို ပြောင်းရွှေ့ခဲ့ကြပြီးနောက် ဘဲလ်ဟာ စကော့တလန်ကို ပြန်လာခဲ့ကာ ဓာတ်ခွဲခန်းသုံးပစ္စည်း အနည်းဆုံးတစ်ခုကို အသုံးပြုပြီး အသံဆိုင်ရာစမ်းသပ် မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ဘဲလ်ဟာ လျှပ်စစ်စွမ်းအင်မှ အသံကို ပို့ဆောင်နိုင်တဲ့ အတွေ့အကြုံအ ပေါ် အထူးအာရုံစိုက်ခဲ့ပြီး နောက်ပိုင်းမှာ စကော့တလန်ရှိ မိမိ အခန်းမှ မိတ်ဆွေတစ်ဦး ၏အခန်းကို တယ်လီဂရပ် ဝါယာကြိုးတစ်ခုနဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဘဲလ်ဟာ လန်ဒန်တက္ကသိုလ်မှ ဘွဲ့ရယူရန် မိသားစုနေအိမ်မှာပင် လေ့လာအား ထုတ် မှုများကို ဆောင်ရွက်ခဲ့ရပါတယ်။ ဘဲလ်ဟာ သူ၏ အိပ်မက်အိမ်တွင် လျှပ်စစ်နှင့် အသံအတွေ့အကြုံများကို ဆက်လက် ပြုလုပ်ခဲ့ကာ အဝေးသို့ လျှပ်စစ်လှိုင်းဖြင့် အသံပို့လွှတ်နိုင်သည့် ကိရိယာ Melodeon ကို မွမ်းမံပြင်ဆင်ခဲ့ပါတယ်။

၁၈၇၂ ခုနှစ် အောက်တိုဘာလမှာ ဘဲလ်ဟာ ကိုယ်ပိုင်ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး သူ၏ အထင်ရှားဆုံး တပည့် တစ်ဦးမှာ ကမ္ဘာကျော်ဟယ်လင်ကဲလားဖြစ်ပါတယ်။ ၁၈၇၅ ခုနှစ် ဇွန်လ ၂ ရက်တွင် အသံကို တစ်နေရာမှ တစ်နေရာသို့ ပို့နိုင် သည့် စနစ်ကို တွေ့ရှိခဲ့ပါတယ် ။သို့သော် ကြည်လင်ပြတ်သားမှု အားနည်း နေခဲ့တယ် မူပိုင်ခွင့် တင်သည့် ကိစ္စမှာ မည်သူက ဦးစွာတင်သည်ဆိုပြီး အချေ အတင် ဖြစ်ခဲ့ကြသော်လည်း ၁၈၇၆ ခုနှစ် မတ်လ ၇ ရက်တွင် အမေရိကန် နိုင်ငံ မူပိုင်ခွင့်ရုံးက ဘဲလ်အား မူပိုင်ခွင့် အမှတ် ၁၇၄၄၆၅ ကို ထုတ်ပေးခဲ့ပါတယ်။ မတ်လ (၁၀) ရက်တွင် ဘဲလ်သည် အယ်လ်လီရှာဂရေး၏ ရေအောက် တယ်လီဂရပ်စနစ် နှင့် တူညီစွာအရည် တစ်ခု ကိုဖြတ်သန်း လျက် အသံ ပို့လွှတ်နိုင်ခဲ့ပါတယ်။ ဘဲလ် ၏ တယ်လှဖုန်းတီထွင်နိုင်မှု အဖြစ် “မစ္စတာဝပ်ဆင်၊ ဒီကိုလာပါ၊ ကျွန်တော် ခင်ဗျားကို တွေ့ ချင်တယ်” ဟု အရည်ကို ဖြတ်သန်းထား သည့် ထုတ်လွှင့်ပစ္စည်းသို့ ပြောခဲ့ရာ အခြားအခန်းတစ်ခုမှ လက်ခံနေရာတွင် ရှိနေ သည့် ဝပ်ဆင်သည် ဘဲလ်၏ အသံကို ကြည်လင် ပြတ်သားစွာ ကြားလိုက် ရပေသည်။ နောင်အခါတွင် ကမ္ဘာကျော် စကား တစ်ခွန်းဖြစ် လာခဲ့ပေသည်။

ဘဲလ်သည် ၁၈၇၆ ခုနှစ် သြဂုတ်လ ၃ ရက် လူအများ၏ ရှေ့မှောက် တွင် ဘရန့်ဖို့ဒ်မှ ငါးမိုင်ခန့်ကွာဝေးသည့် ကြေးနန်းရုံး မှ ဘရန့်ဖို့ဒ်သို့ တယ်လီဖုန်းဖြင့် စကားပြောပြနိုင်ခဲ့ပါတယ် ။ဘဲလ်တယ်လီဖုန်းကူမ္ပဏီကို ၁၈၇၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီးတစ်နှစ်အကြာတွင် အမေရိကန်ပြည်သူ ၁၅၀၀၀၀ ကျော် သည် တယ်လီဖုန်းသုံး စွဲနေကြပြီဖြစ်ပါတယ်။ ဘဲလ်ဟာ ၁၈၇၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် တွင် မိမိ၏ နားမကြားသည့်တပည့်ဖြစ်သူ မာဘယ်လ်ဟတ်ဘတ်နှင့်လက်ထပ်ခဲ့ပါတယ်။ဘဲလ်ဟာ ၁၉၂၂ ခုနှစ် သြဂုတ်လ ၂ ရက် အသက် ၇၅ နှစ်အရွယ်တွင် ဆီးချိုရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်တွင် သမီးနှစ်ယောက် နှင့် မြေး ကိုးယောက် ကျန်ရှိခဲ့ပါတယ်။

Source: မောင်သာရှေ့ဟောင်း သုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။