မြန်မာပေါ ကားများရပ် အစီအစဉ်နဲ့ပတ်သက်ပြီး

‘‘အနုပညာရှင်တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် စိတ် မကောင်းပါဘူး။ ဝမ်းနည်းပါ တယ်။ ပရိသတ်တစ်ယောက်နေ ရာကကြည့်ရင် ရုပ်ရှင်တွေကိုချစ် လို့ ရုပ်ရှင်ကားတွေကို တစ်ကား မကျန်ကြည့်ပြီး လိုအပ်ချက်တွေ ကို ထောက်ပြတာ။ စေတနာနဲ့၊ ကရုဏာဒေါသောပေါ့။ ကိုယ်ချစ် တဲ့လူတစ်ယောက် ကိုယ်လိုချင် သလိုဖြစ်မလာရင် အားမလိုအား မရဖြစ်တယ်လေ။ အဲဒီလိုချစ်တဲ့ စိတ်နဲ့ ပြောတာပါ’’လို့ အေးမြတ်သူက ပြောပါတယ်။

'မအေးပွင့် မြင့်မြင့်စန်း လမ်း ၃၀’ ရုပ်ရှင်ဇာတ်ကား၏ ရုပ်ရှင်ပိုစတာမှာ ပြည်ပဇာတ် ကားမှ မင်းသမီးအက်တင်ကို အတုယူ၍ ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဒါရိုက်တာဆန္ဒရှိသည့် ပုံစံအတိုင်း ရိုက်ကူးခဲ့ကြောင်း အေးမြတ်သူက ပြောသည်။

‘‘အဲဒီပိုစတာကို Social Network မှာမှ အေးမြတ်သူမြင် ဖူးတာပါ။ ရိုက်တုန်းကလည်း ဒါ ရိုက်တာက ပိုစတာကို ပြပြီးမအပ် ခဲ့ပါဘူး။ အဲဒီလို ရိုက်ချင်တယ်လို့ မပြောခဲ့ပါဘူး။ သက္ကလတ်စောင် ခြုံတာကတော့ ဒါသည် ကန်းထရီးစတိုင်ဖြစ်တယ်။ ဒါရိုက်တာက စောင်ကိုခြုံစေချင်တယ်။ မအေး ပွင့်သည် ရင်ဘတ်မှာ မှဲ့ရှိတဲ့အ တွက် မှဲ့လည်းပေါ်ချင်တယ်။ သေနတ်ကို ပေါင်မှာပတ်ရတယ်ဆို တော့ ပေးလာတဲ့ Accessories ပေါ်မူတည်ပြီး သင့်တင့်လျောက် ပတ်သော၊ ဒါရိုက်တာလိုချင်သော ပို့စ်ကို လုပ်ပေးပါတယ်။ ဒါရိုက် တာက အဲဒီပို့စ်အတိုင်း လုပ်ပေး လို့ မပြောခဲ့ပါဘူး။ အေးမြတ်သူ သည် မိန်းမတစ်ယောက်ရဲ့ ခန္ဓာ ကိုယ်အလှပေါ်အောင် စောင် လေးကို ကိုင်ရင်းနဲ့ ကိုယ့်ရဲ့မှဲ့လေးနဲ့ လုပ်ခဲ့တယ်။ သွားတူတာပါ။ အဲဒါကို အေးမြတ်သူ အာမခံရဲပါ တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား တွင် ၎င်းအနေဖြင့် ကြိုးစားခဲ့သလို ပရိသတ်များကလည်း မအေးပွင့် အဖြစ် အသိအမှတ်ပြုခဲ့သော ကြောင့် စိတ်ကျေနပ်မှုရသည့် ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အေးမြတ်သူ ဘယ်လောက်ကြိုးစားကြိုးစား ပရိသတ်က လက်မခံရင် ဘာမှလုပ်လို့မရပါ ဘူး။ ဒီကားမှာ အေးမြတ်သူ ကြိုး စားခဲ့တဲ့ ၁၀၀ ရာခိုင်နှုန်းကို ပရိ သတ်က ၈၀ ရာခိုင်နှုန်း လက်ခံတဲ့ အတွက် အားရကျေနပ်မှုပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် Event တစ်ခုအနေဖြင့် ဆွေးနွေး သူ များပြားနေသော မြန်မာပေါ ကားများရပ် အစီအစဉ်နှင့်ပတ် သက်၍လည်း အေးမြတ်သူက ၎င်း၏ အမြင်ကို ပြောသည်။

‘‘အနုပညာရှင်တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် စိတ် မကောင်းပါဘူး။ ဝမ်းနည်းပါ တယ်။ ပရိသတ်တစ်ယောက်နေ ရာကကြည့်ရင် ရုပ်ရှင်တွေကိုချစ် လို့ ရုပ်ရှင်ကားတွေကို တစ်ကား မကျန်ကြည့်ပြီး လိုအပ်ချက်တွေ ကို ထောက်ပြတာ။ စေတနာနဲ့၊ ကရုဏာဒေါသောပေါ့။ ကိုယ်ချစ် တဲ့လူတစ်ယောက် ကိုယ်လိုချင် သလိုဖြစ်မလာရင် အားမလိုအား မရဖြစ်တယ်လေ။ အဲဒီလိုချစ်တဲ့ စိတ်နဲ့ ပြောတာပါ’’ဟု ၎င်းက ပြောသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။