နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ BTS အဆိုတော်အဖွဲ့မှ အဖွဲ့ဝင် Vဟာ ပြီးခဲ့တဲ့ရက်က ပရိသတ်တွေနဲ့တွေ့ဆုံရာမှာ ဗုဒ္ဓမြတ်စွာဘုရားမျက်နှာတော်ပုံ ပုံသွင်းထားတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ခဲ့တာကြောင့် အဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့မိန်းကလေးပရိသတ်တွေက သူ့ဘက်ကနေ ကာကွယ်ပြောဆိုတာကြောင့် အင်တာနက်မှာ ဂယက်ထသွားခဲ့ပါတယ်။

Vဟာ မျက်နှာဖုံးကို မသိဘဲဝတ်ဆင်ခဲ့တာလား၊ သိရက်နဲ့ အပျော်စခဲ့တာလားဆိုတာ သေချာမသိရပါဘူး။ ပုံထဲမှာတော့ သူဟာ ပျော်ရွှင်နေတဲ့ပုံပေါက်ပြီး ဓာတ်ပုံတွေဟာ Photoshop မဟုတ်ဘဲ အစစ်အမှန်တွေ ဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက မိန်းကလေးပရိသတ်တွေက သူ့ဘက်ကနေ နားလည်ကာကွယ်ပေးပြီး ပြန်လည်တုံ့ပြန်ရေးသားခဲ့တာကြောင့် အင်တာနက်အသုံးပြုသူတွေကြားမှာ ဂယက်ထသွားခဲ့ပါတယ်။ 

ဒါ့အပြင် ကမ္ဘာကျော် BTS အဖွဲ့ကနေ ဘာသာကြီးလေးခုတောင် မသိဘဲ လုပ်မိတာလားဆိုပြီး ဟာသ Memesတွေနဲ့ ပြန်လည်တုံ့ပြန်သူများလဲ ရှိခဲ့ပါတယ်။ 

ကမ္ဘာကျော် BTS အဖွဲ့ရဲ့ ဗုဒ္ဓဘာသာဝင် ပရိသတ်တွေကနေ ဒါကို တစ်မျိုးမြင်ခဲ့ပြီး မိန်းကလေးအမာခံပရိသတ်တွေကတော့ ကာကွယ်ပြောဆိုနေဆဲပါ။

Source : Facebook

Photo Credit : Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။