လူ၂ဝဝကျော် တင်ဆောင်လာသော အမြန်ယာဉ်တိမ်းမှောက်

ဒီနေ့ မနက် ၅နာရီခန်က လူ၂ဝဝခန်တင်ဆောင်လာသော အောင်စိုးမိုးကျော် အမြန်ယာဉ်သည် ကနီမြို့နယ် အထက်ကင်းရွာအနီးတွင် တိမ်းမှောက်ခဲ့ရာ အထက်မင်းကင်းရွာ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေး စခန်းထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေပါတယ် ။ ၁နှစ်ကျော် ခန် ့ရှိ ကလေးငယ်အလောင်းကို စတင်တွေ ့ရှိပါပြီ။

အေးငြိမ်းချမ်းသာ အမြန်ယာဉ်အသင်းမှ အောင်စိုးမိုးကျော်2 လိုင်စင်နံပါတ် ၈၈၄၅ အမြန်ရေယာဉ် ယနေ့မနက် ၅နာရီခန့်က ကနီမြို့နယ် မိချောင်းတွင်းကျေးရွာတွင် မတော်တဆတိမ်းမှောက်ခဲ့ပါတယ်။ ခရီသည်များနှင့်လည်းအဆက်အသွယ် ရပီးဖြစ်ပါသည်။ ကျွန်တော်တို့ ဂိတ်ကနေပြီး မော်တော်၄စီး ကယ်ဆယ်ရန် သွားနေပါပြီ ရွှေစင်မြင့်၊အောင်မြင့်ဇော်၊ မြဝတ်ရည်၊ ကျော်ဇေယျာဟိန်း စသည့် ရေယာဉ် ၄စီးဖြင့် ကော်ဖီမစ်၊ရေ၊ စားစရာများဖြင့်

သွားရောက်ကယ်ဆယ်နေပါတယ်။ ကင်းမှပရဟိတအသင်းများနှင့် လက်ပံစုရွာ ကျောက်လှေခါး နှင့် ကနီမြို့မှ ကယ်ဆယ်ရေးအသင်းများလည်း ကူညီကယ်ဆယ်နေပါတယ်ဗျ ဖြစ်ပွားရာနေရာသည် မြစ်ကမ်းအနီးဖြစ်သောကြောင့် ခရီးသည်အသေအပျောက်စာရင်းမကြားသိရသေးပါ #ကနီဆေးရုံ၊ကင်းဆေးရုံနှင့် နီးစပ်ရာ ဆေးရုံဆေးခန်းများမှာလည်း ခရီးသည်များကုသမှုခံယူနေပါတယ်

ယခု၈နာရီ၅ဝမိနစ်တွင် အမြန်ယာဉ်မောက်တစ်စီးဖြင့် သက်ဆိုင်ရာလူကြီးများနှင့် လိုက်ပါလာသောခရီးသည်များ၏မိသားစုဝင်များ လိုက်ပါမည်ဖြစ်သည်

၉နာရီအချိန် လက်ပံစုရွာမှ သတင်းပေးချက်အရ လူ၁၇၀ ဝန်းကျင် ပြန်တွေ့ထားပြီးဖြစ်ပါတယ်လို့ သိရပါတယ် သတင်းအတိအကျကိုတော့ လောလောဆယ် မထုတ်ပြန်နိုင်သေးပါဘူးခင်ဗျာဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။