၁။ အစာချေအက်ဆစ်

သင့်ရဲ့အစာအိမ်ထဲမှာ အစာတွေကို ချေဖျက်ပေးတဲ့ Hydrochloric Acid ပါဝင်ပါတယ်။ သင့်အစာအိမ်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် ဒီအက်ဆစ်တွေကနေ အစာအိမ်ကို လာပြီး ထိခိုက်စေပါတယ်။ ဒါ့အပြင် ဒီအချိန် ကော်ဖီတစ်ခွက်စသောက်မယ်ဆိုရင် အစာအိမ်ထဲက အက်ဆစ်ပမာဏကို ပိုမိုများပြားလာစေပြီး အစာအိမ်ရောင်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

၂ ။ စိတ်လှုပ်ရှားမှု

မနက်ပိုင်း ဗိုက်ဟောင်းလောင်းဖြစ်နေတာက သင့်ဦးနှောက်ရဲ့ Serotonin လို့ခေါ်တဲ့ စိတ်ကိုတည်ငြိမ်စေတဲ့ ဟော်မုန်းထုတ်ပေးမှုကို လျှော့ချစေပါတယ်။ ဒီလျှော့ချမှုကနေ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ပူပန်မှူတွေအထိ ဖြစ်လာနိုင်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အင်ဒရီနလင် ပမာဏကို မြှင့်တင်ပေးလိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာခံစားမှု၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်မတည်မငြိမ်ဖြစ်တာတွေကို ပိုမို ကြုံတွေ့ရနိုင်ပါတယ်။

၃။ ရေဓာတ်လျော့နည်းခြင်း

လူအတော်များများ ကော်ဖီသောက်ပြီးရင် ရေဆာတတ်ကြမှာပါ။ မနက်ပိုင်း အစာမရှိဘဲ ကော်ဖီတစ်ခွက်သောက်လိုက်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ ရေဓာတ်ပမာဏကို ပိုမိုလျှော့ချပေးလိုက်ပြီး ခန္ဓာကို်ယ်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေပါတယ်။

၄။ အစာစားချင်စိတ်ပျောက်ဆုံးခြင်း

မနက်အစာမရှိဘဲ ကော်ဖီသောက်ခြင်းဟာ သင့်ရဲ့ အစာစားချင်စိတ်ကိုပါပျောက်ဆုံးစေပါတယ်။ ဒါကို လူအတော်များများကြုံဖူးကြမှာပါ။ ဒါကြောင့် ကော်ဖီဟာ ၀ိတ်ချတဲ့နေရာမှာ အစွမ်းထက်တယ်လို့ လူအများကဆိုကြတာပါ။ တကယ်တော့ မနက်စာမစားဘဲ ကော်ဖီသောက်ပြီး အစာစားချိန်မမှန်ရင် ပိုပြီးတော့တောင် ၀ိတ်တက်လာနိုင်ပါသေးတယ်။

ဒါဆို ဘယ်အချိန်ကော်ဖီသောက်ဖို့ အသင့်တော်ဆုံးဖြစ်မလဲ။ ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ အာဟာရပြည့်ဝတဲ့ မနက်စာစားအပြီး မနက် ၁ဝနာရီကနေ နေ့လည်၁၂နာရီအတွင်းက ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ပါတဲ့။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။