ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ရှေးဟောင်း ပြတိုက်ကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Hook Light house" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံ၊ "Wexford" မြို့မှာတည်ရှိပြီး "Hook Head"မှာ တည်ဆောက်ထားသော ထိုမီးပြတိုက်ကြီးဟာ ပေ ၁၅၅ပေ မြင့်မားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုမီးပြတိုက်ကြီးကို ၁၂၀၁ ခုနှစ်နှင့် ၁၂၄၀ ပြည်နှစ်အတွင်းမှာ တည်ဆောက်ခဲ့ကာ ယနေ့ထိတိုင် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

photo credit pngtree

"Hook" မီးပြတိုက်ဟာ "Genoa" ပြီးရင် ယနေ့ထိတိုင် အသုံးပြုနေတဲ့ ဒုတိယမြောက် သက်တမ်းအရှည်ကြာဆုံး မီးပြတိုက်ဖြစ်ပါတယ်။ မီးပြတိုက်မျှော်စင်ကို ၁၂ ရာစုမှာ တည်ဆောက်ခဲ့သော်လည်း အိုင်းရစ်တို့ရဲ့ အစဉ်အလာ ယူဆချက်များအရ ငါးရာစု အစောပိုင်းမှာ "Wexford" ဒေသသို့ ရောက်ရှိလာတဲ့ သာသနာပြုပုဂ္ဂိုလ်က မီးပြတိုက်ပုံစံ တစ်ခုကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ "Pembroke" ဒုတိယမြောက် မြို့စား "William Marshall"ဟာ New Ross ဆိပ်ကမ်းမြို့သို့ ပင်လယ်ရေကြောင်းသွားသင်္ဘောများ လုံခြုံစိတ်ချစွာ ရောက်ရှိစေရန် မီးပြတိုက်တစ်ခုကို တည်ဆောက်စေလိုခဲ့တာပါ။

photo credit pngtree

ထို့ကြောင့် မီးပြတိုက်ကို ဒေသထွက် ထုံးကျောက်များဖြင့် တည်ဆောက်ခဲ့ကာ မူလ အဆောက်အအုံဟာ ယနေ့ထိတိုင် မူလအတိုင်း တည်ရှိနေဆဲ ဖြစ်ပါတယ်။ မီးပြတိုက်ကို မူလစောင့်ခဲ့သူများဟာ ရဟန်းများဖြစ်ကြပြီး ယခုအခါမှာ မီးပြတိုက်ကို အိုင်းရစ် လျှပ်စစ်မီး ကော်မရှင်နာများက အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားပါတယ်။ ၂၀၀၁ ခုနှစ်မှာ Hook မီးပြတိုက်သို့ ကမ္ဘာလှည့် ခရီးသွားများအား လာရောက်ခွင့်ပြုခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းနယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။