ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားက ထူးခြားဖြစ်စဉ် တစ်ခုလို့ပြောရမယ့် "တွင်းအောင်းလူ"အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့လူရဲ့ အဖြစ်အပျက်ကတော့ မိသားစုဝင် တစ်ဦးတစ်ယောက်မှ မကျန်ရှိဘဲ နှစ်ပေါင်းများစွာ တစ်ယောက်တည်း အထီးကျန်နေထိုင်ခဲ့ရတာကြောင့် ဝမ်းနည်းစရာကောင်းလှပါတယ်။ ထို "တွင်းအောင်းလူ"လို့ အမည်ပေးထားတဲ့သူကို အမေဇုန် မုတ်သုန်သစ်တောအတွင်းရှိ ကျွန်းငယ်တစ်ခုပေါ်မှာ တွေ့ရှိခဲ့တာပါ။

photo credit pngtree

ထိုသူရဲ့ ထန်းလုံးအိမ်မှာ ခြောက်ပေနက်သော ကျင်းတစ်ခုရှိနေတာကို ထူးခြားစွာ တွေ့ရှိခဲ့ကြတာပါ။ အမေဇုန်တောထဲမှာ သူနဲ့ သိကျွမ်းတဲ့သူ တစ်ယောက်မှမရှိဘဲ အားကိုးရာမဲ့နဲ့ အမဲလိုက်စားသောက်နိုင်ခဲ့တာကလည်း အံ့အားသင့်ဖွယ် ကောင်းလှပါတယ်။ တစ်နေ့မှာတော့ အိန္ဒိယ ဖောင်ဒေးရှင်း "FUNAI"မှ ဘရာဇီးလ် အမျိုးသား တစ်ဦးဟာ ထိုသူရဲ့ အကြောင်းကို သတင်းရရှိခဲ့ပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သစ်တောအတွင်းရှိ သစ်ခုတ်သမားတွေက သူ့ကိုမတွေ့ရှိကြောင်း ပြောဆိုခဲ့သော်လည်း သူနေထိုင်တဲ့ ကျွန်းကို ဘူဒိုဇာဖြင့် ရှင်းလင်းချိန်မှာတော့ တွေ့ရှိခဲ့တာပါ။

photo credit pngtree

"FUNAI" အဖွဲ့စည်းရဲ့ ပြောဆိုချက်အရ အထီးကျန်လူသားဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကနေ နှစ်ကြိမ်ဆက်တိုက် လွတ်မြောက်ခဲ့ပြီး ၈၀ စတုရန်းကီလိုမီတာ ပတ်လည်သာရှိတဲ့ နေရာမှာသာ တစ်ဦးတည်း နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ တိုင်းရင်းသား မျိုးနွယ်စု တစ်ဦးဖြစ်ပြီး ထိုနေရာမှာ အစဉ်အဆက် နေထိုင်ခဲ့တယ်လို့ဟု ဆိုပါတယ်။ သို့သော်၂၀၀၉ ခုနှစ်မှာ အထီးကျန်လူသားဟာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုမှ လွတ်မြောက်ခဲ့ကာ ဘယ်သူမှ မသိအောင် ကျင်းထဲတွင် တစ်ဦးတည်း နေထိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။