ပရိသတ်တွေအာလုံးသိကြတဲ့အတိုင်း Karrie ဟာဆိုရင် တော်တော်လေးကို ပစ်ချက်တွေက မြန်ဆန်ပြီး Damage တွေကလဲ မခံစားနိုင်အောင်ပါပဲ။ သူပစ်ချက်တွေကိုခံနိုင်ဖို့ရာ Tank ကိုရှေ့ထားရင်တောင် Tank သေရပါတယ်။ အဲ့လောက်တောင် ပြင်းတဲ့ Hero တစ်ယောက်ပါ။ သို့သော်လဲ Hero ဆိုတာ ကိုယ်ကိုင်တက်မှ ကြမ်းတမ်းမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြမ်းတမ်းလို့ သူများပြောတိုင်း ကိုယ်မကိုင်တက်ရင် အလကားပါပဲ။ အောက်မှာတော့ Skill အနည်းငယ်ရှင်းလင်းချက်ဖော်ပြလိုက်ပါတယ်။   

Skill 1ကတော့ စွမ်းအင်အလုံးတစ်လုံးကို ပစ်လိုက်မှာဖြစ်ပြီး ထိတဲ့သူကနှေးလဲနှေးသလို Damage လဲထိစေပါမယ်။ Skill 2ကတော့ သတ်မှတ်နေရာကိုခုန်လိုက်ပြီး အနီးရှိရန်သူကို စကြာတစ်ခုနဲ့ ပစ်လိုက်မှာဖြစ်ပါတယ်။ Ulti ကတော့ သုံးလိုက်ချိန်မှာ ရွှေ့လျားနှုန်းတိုးကာ နှစ်ချက်စီပစ်နေမှာဖြစ်ပါတယ်။ ၆စက္ကန့်ကြာမှာဖြစ်ပြီး Damage ကတော့ ၅၀ရာခိုင်နှုန်းစီသာရှိတော့မှာဖြစ်ပါတယ်။ Attack Speed လဲလျော့ချသွားမှာဖြစ်ပါတယ်။    

Passive ကတော့ ရန်သူတစ်ယောက်ကို ပစ်လိုက်တဲ့ ၅ကြိမ်မြောက်ပစ်ချက်က ရန်သူကိုထိုးဖော်ကဝင်ရောက်ပြီး True Damage ထိစေပါတယ်။ Battle ဝင်ရင် Skill 1 လေးသုံးပြီး Ulti ဖွင့်ကာ ထိုင်ပစ်နေပါ...ကိုယ်နောက်ကိုဖြစ်ဖြစ် ကိုယ်နာကိုကပ်လာတာနဲ့ Skill 2 သုံးပြီးရှောင်ကာ ထိုင်ပစ်နေပါ။ ကိုယ့်ကိုသတ်ရတာလွယ်ပေမဲ့ အနာကို ရိုးရိုးတိုင်းတိုင်းလမ်းလျှောက်လာတဲ့ သူတွေကတော့ ခတ်ခဲပါတယ်။ 

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။