မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပရိသတ်အချစ်တော် အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။အောင်မြင်မှုတွေကို ဆွတ်ခူးသိမ်းပိုက်ထားနိုင်ခဲ့တဲ့  အောင်လအန်ဆန်ကတော့ ယခုနှစ်Fighters Only မဂ္ဂဇင်းရဲ့ World MMA Award ဆုပေးပွဲမှာ "International Fighter of the Year" ဆုအတွက်ဆန်ကာတင်စာရင်းမှာပြန်လည်ပါဝင်လာပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက covid 19 ရောဂါပိုးကူးစက်ခံထားရတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ အောင်လအန်ဆန်တစ်ယောက်တစ်ယောက် covid 19ရောဂါပိုးပျောက်ကင်းပြီးနေအမြန်ပြန်ကောင်းလာပါစေကြောင်း ဆုတောင်းပေးထားခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ ကျွန်တော်ဆီကတဆင့် အခြားသူတွေထံရောဂါပိုးမကူးစက်မပြန့်ပွားစေဖို့အတွက် သီးသန့်နေထိုင်သွားမှာဖြစ်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " ဒီနေ့တော့အတော်လေးနေလို့ထိုင်လို့ကောင်းလာပါပြီ။ ကျွန်တော်ကိုဗစ် ၁၉ ကူးစက်ခံရပေးမယ့်၊ခံစားရရှိတဲ့ကောင်းကြီးမင်္ဂလာကြောင့်ရောဂါပြင်းထန်ခြင်းမရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုတော့ကျွန်တော်စီကတဆင့်ဘယ်လိုနည်းလမ်းနဲ့မှအခြားသူတွေထံရောဂါပိုးမကူးစက်မပြန့်ပွားစေဖို့အတွက်၊သက်သာပျောက်ကင်းတဲ့အထိကျွန်တော်အိမ်ထဲမှာပဲသီးသန့်နေထိုင်သွားမှာဖြစ်ပါတယ် "ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

source: Aung La Nsang(Burmese Python) 's facebook page  

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။