အဆိုတော်အိမ့်ချစ်ကတော့ အနုပညာအလုပ်တွေကို အချိန်တွေကို အချိန်အတော်ကြာ လုပ်ကိုင်နေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုတော်အိမ့်ချစ်ကတော့ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမတို့စုံတွဲလေးကတော့ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

photo credit : Juz Like Yesterday
photo credit : Juz Like Yesterday

သူမကတော့ " Its been a month ....သူစိမ်းနှစ်ယောက်ပေါင်းဖက်မှုမှာ နှစ်ပေါင်းများစွာမပြောနဲ့တစ်လတောက်မလွယ်ကူပါဘူး...ဒါပေမယ့်လဲ မတူညီမှုတွေကို ညှိုနှုင်းပြီး ကိုယ်ချင်းစာတရားကိုအခြေခံလို့နားလည်မှုတွေချစ်ခြင်းမေတ္တာတွေခွင့်လွှတ်မှုတွေနဲ့ရှေ့ဆက်ကြရင်း နေ့ရက်သစ်ပေါင်းများစွာဆီသို့ " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Juz Like Yesterday
photo credit : Juz Like Yesterday
photo credit : Juz Like Yesterday
photo credit : Juz Like Yesterday

သူမကတော့ ယခုမှာ ချစ်ရတဲ့ ခင်ပွန်းသည်နဲ့အတူ ရယ်စရာတွေပြောပြီး ပျော်ရွှင်ရယ်မောနေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ လိုက်ဖက်ညီလွန်းပြီး ကြည်နူးစရာကောင်းလွန်းတဲ့ သူမတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အိမ့်ချစ်တို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Eint Chit 's facebook page

photo credit : Juz Like Yesterday
photo credit : Juz Like Yesterday
photo credit : Juz Like Yesterday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။