အဆိုတော်အမွန်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေကို သီဆိုခဲ့သူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့သူမကတော့ သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ရှေ့ကို ချပြထားသူလေးပဲဖြစ်ပါတယ်။
ပရိသတ်တွေ အချစ်ပိုရတဲ့ အဆိုတော် အမွန်းကတော့ အချိန်အတော်ကြာလက်တွဲလာတဲ့ ချစ်သူလေးကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြထားသူလေးပဲ ဖြစ်ပါတယ်။ သူမတို့ ချစ်သူစုံတွဲလေးကတော့ ယခုမှာ ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ အချိန်အတော်ကြာလက်တွဲလာခဲ့ပြီး ချစ်သူသက်တမ်း၅နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူမတို့ စုံတွဲလေးရဲ့ ပျော်ရွှင်နေခဲ့ကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။
သူမကတော့ " Cheers mon amour ! 5 years down, forever to go ချစ်သူသက်တမ်း ငါးနှစ်ပြည့်ပီချစ်သူ ! ( နောက်နှစ်ဒီချိန်ဆို နှစ်ယောက်သား စတေးတပ်စ်ပြောင်းပြီ )ချစ်တယ်နော် , ဒါပဲ , ဂွပ် " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အမွန်းတို့ ချစ်သူစုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
source: Ah Moon 's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။