အမေ့ဝမ်းဗိုက်ထဲမှာကတည်းက နှလုံးခွဲစိတ်မှု ခံယူခဲ့ရတဲ့ သန္ဒေသားလောင်းလေး

ကိုယ်ဝန် ၂၈ပတ်ဘဲရှိသေးပင်မဲ့လည်း အမေ့ဝမ်းဗိုက်ထဲမှာကတည်းက နှလုံးရောဂါကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ တရုတ်ပြည် တောာင်ပိုင်း Guangdong ပြည်နယ်မှာဖြစ်ပါတယ်။

၃၉နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ လူနာက လွန်ခဲ့တဲ့ ၆လတုန်းက ဒုတိယကိုယ်ဝန် ဆောင်ခဲ့ရပါတယ်။ ၂၁ ပတ်အကြာမှာတော့ ဓာတ်မှန်ရိုက်ရမှာ သန္ဒေသားလောင်းမှာ ရောဂါမွေးရာပါ ပါလာပြီး ခွဲစိတ်ကုသမှ ဖြစ်မယ်လို့ သိရပါတယ်။ မွေးပြီးမှ ခွဲစိတ်မယ်ဆို အသက်ရှင်နိုင်ခြေ အရမ်းနည်းပါတယ်။

ကလေးအမေက ကလေးကိုမရရအောင် လိုချင်တယ်လိုပြောတဲ့အတွက် September 22 မှာဆရာဝန်တွေက သြစတြီးယားက ကျွမ်းကျင်သူတွေနဲ့ interventional cardiology treatment ဆိုတဲ့ ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ သန္ဒေသားလောင်းရဲ့ နှလုံးက သစ်ချသီးစေ့ထက်တောင် သေးတဲ့အတွက် နည်းနည်းလေး မှားရင်တောင် ထိခိုက်ပျက်စီးနိုင်ပါတယ်။

ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး လေးရက်ကြာမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ တရုတ်ပြည်က ဆရာဝန်တွေအတွက် ဒီလို ခွဲစိတ်မှုက ပထမဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှန်းလုံးမှာလည်း ဒီလိုခွဲစိတ်ပေးနိုင်တဲ့ ဆေးရုံက ၁ဝရုံထက်မပိုဘူးလို့လည်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။