ပရိတ်သတ်ကြီးရေ.....မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ပေမယ့် ပရိတ်သတ်အားပေးချစ်ခင်မှုအများအပြားရရှိနေတာပါ။ သူမဟာ ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးရင်းကနေပရိတ်သတ်တွေသတိထားမိလာကြပြီး အခုဆိုရင် ကြော်ငြာတွေသာမက ရုပ်ရှင်ကားကြီးတွေအထိပါရိုက်ကူးနေရတဲ့သူလေးဖြစ်ပါတယ်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူထွေးဟာ အလှူဒါနလုပ်တဲ့နေရာမှာလည်း စေတနာသဒ္ဓါတရားထက်သန်တဲ့သူလေးဖြစ်ပြီး အမြဲတန်းအလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိသူပါ။ ဒါ့ပြင်မိဘအပေါ်ကိုလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပြီး လိမ္မာရေးခြားရှိတဲ့သူလေးပါ။ ဖြူဖြူထွေးဟာ အမြဲအလုပ်ကြိုးစားတဲ့သူလေးဖြစ်တာကြောင့် အခုဆိုရင်အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတဲ့သူလေးဖြစ်ပါတယ်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူထွေးဟာ လတ်တလောမှာဆိုရင် အလုပ်တွေပါးနေကြတဲ့ အနုပညာရှင်ကြီးတွေကို ကြော်ငြာတွေခေါ်ရိုက်ရင်း အခြေခံစားသောက်ကုန်တွေကန်တော့ကာ ကုသိုလ်ယူနေတာပါနော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာတွင် ‌"အပြုံးလေးတွေနဲ့ပဲရှေ့ဆက်ချင်တယ်" ဆိုတဲ့captionလေးနဲ့ အနုပညာရှင်ကြီးတွေကို ကြော်ငြာခေါ်ရိုက်ပြီး ကန်တော့နေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

Source-Phyu Phyu Htwe's Facebook acc

Photo credit-Phyu Phyu Htwe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။