ပရိသတ်ကြီးရေ သရုပ်ဆောင်နေမင်းကတော့ ယောကျာ်းပီသတဲ့ချောမောခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော်မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ နေမင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေကကြည့်ဖူးကြပြီး တည်ငြိမ်လွန်းတဲ့ နေမင်းရဲ့ စတိုင်က ပျိုမဒီလေးတွေတောင် သည်းသည်းလှုပ်ရပါတယ်နော်။ နေမင်းကတော့ လက်တလောမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလှုပ်ရှားနေပါတယ်.....။

Photo credit - Nay Min's FB account
Photo credit - Nay Min's FB account

နေမင်းဟာ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ကောင်းမွန်တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေရသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နေမင်းက မိဘကိုလည်း သိတတ်လိမ္မာတဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေမင်းဟာ ဟန်ဆောင်မှုမရှိရိုးသားပွင့်လင်းစွာနဲ့ နေထိုင်တတ်သူဖြစ်ပြီး အခုလက်ရှိမှာဆိုရင် သူ့ရဲ့ဇာတိရွာလေးကိုရောက်ရှိနေတာဖြစ်ပါတယ်......။

Photo credit - Nay Min's FB account
Photo credit - Nay Min's FB account

ဇာတိရွာလေးက သူရဲ့ ဆွေမျိုးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနေတာကိုလည်း တွေ့ရပါတယ် ။ ယခုမှာလည်း မင်းသားချော နေမင်းက စိမ်းစိုလှပတဲ့ လယ်ကွင်းတွေကို နောက်ခံထားကာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ နေမင်းရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....... ။

Photo credit - Nay Min's FB account

Source & Photo credit - Nay Min's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။