အဆိုတော်ပန်းရောင်ခြယ်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အဆိုပိုင်းမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ပိုင်နိုင်ကျွမ်းကျင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ သူမကတော့ သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ ရှေ့ကို ချပြထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နောက်ထပ်သီချင်းလေးတွေကိုလည်းချပြဖို့ ကြိုးစားလျက်ရှိနေတာပဲဖြစ်ပါတယ်။

photo credit : Pan Thun Chel 's facebook page
photo credit : Pan Thun Chel 's facebook page

ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ သီချင်းmtvတွေမှာလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူမရဲ့ ညီမလေးပန်းသွန်းခြယ်ကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီဖြစ်ပါတယ်။ ပန်းသွန်းခြယ်ကတော့ သီချင်းအသစ်လေးတွေလည်းထွက်ရှိထားသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : Pan Thun Chel 's facebook page
photo credit : Pan Thun Chel 's facebook page
photo credit : Pan Thun Chel 's facebook page

ပန်းသွန်းခြယ်ကတော့ ယခုမှာ အထာကျကျလေးဂေါ်နေတဲ့ အမိုက်စားဆံပင်စတိုင်လေးကို ပြောင်းလဲလိုက်ကာ ကြွေလောက်စရာကောင်းလောက်အောင် လှပနေခဲ့ပါတယ်။ ပန်းသွန်းခြယ်ကတော့ " ခေါင်မိုးလဲထားသည် hair by hell " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပန်းသွန်းခြယ်ရဲ့ ချစ်စရကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Pan Thun Chel 's facebook page

photo credit : Pan Thun Chel 's facebook page
photo credit : Pan Thun Chel 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။