ပရိသတ်တွေရဲ့အချစ်တွေကို ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေကတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသမီးတွေဖြစ်ကြတဲ့ မေသန်းနုနဲ့ မေသဉ္ဇာဦးတို့ပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်ကာ သရုပ်ဆောင်ကောင်းလွန်းကြတဲ့ အပြင် ချစ်စရာကောင်းတဲ့ စကားပြောဟန်ပန်လေေးတွနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေတာမို့ အားလုံးက ချစ်ခင်သဘောကျနေကြတာပါ..။


Photo By Myanmarload

အခုတစ်ခါမှာလည်း ပရိသတအချစ်တော် မဆင့်နဲ့ မဇာကြီးတို့နှစ်ယောက်ကတော့ မင်းသမီးမဖြစ်ခင်က တွေ့ဆုံခဲ့ကြတဲ့ ပျော်စရာ အခွီအမှတ်တရလေးတွေကို ပြောရင်း ခွီရင်း ပျော်နေကြပါတယ်နော်..။

ဇာတ်ကားတော်တော်များများမှာ ဆုံဖြစ်ပြီး မဇာကြီး မင်းသမီးမဖြစ်ခင်က ရထားပေါ်မှာ တွေ့ဆုံခဲ့ကြပြီး မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ကိုရန်လေး(ရန်အောင်)နဲ့ မဆင့်(မေသန်းနု) တို့ကို ပန်းသီးသွားကျွေးခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

“ပထမဆုံး ဆုံဖြစ်တာက ရထားပေါ်မှာ မေသဉ္ဇာဦးက မင်းသမီးမဖြစ်သေးခင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ကိုရန်လေးနဲ့ မဆင့်ကို ပန်းသီးလာကျွေးတာ.. နောက်တစ်ခေါက်ဆုံတော့ ဇာတ်ကားရိုက်နေပြီ မဆင့်က မမှတ်မိဘူး ကိုရန်လေးက မှတ်မိတယ် ဟိုတစ်ယောက်လေဆိုတော့မှ မဆင့်က မှတ်မိသွားတာ..” ဆိုပြီး မဇာကြီးက ပြောပြရင်း နှစ်ယောက်သား အခွီလေးတွေနဲ့ ပျော်နေကြတာပါနော်.။

နှစ်ယောက်ဆုံဖြစ်ကြတဲ့ အကြောင်းလေးနဲ့ မေသဉ္ဇာဦးလို့ အနုပညာနာမည်ပေးဖြစ်တဲ့ အကြောင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားသေးတဲ့ မဆင့်နဲ့ မဇာကြီးတို့ရဲ့ ပျော်စရာအခွီ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။