ပရိသတ်အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ ဆယ်စုနှစ်တွေက လှပလွန်းတဲ့ မျက်ဝန်းလေးတစ်စုံနဲ့ ပုရိသပရိသတ်တွေကို ဖမ်းစားထားသူလေးကတော့ သရုပ်ဆောင်မင်းသမီးချော ဇင်ဇင်ဇော်မြင့်ပဲ ဖြစ်ပါတယ်နော်..။
ဇင်ဇင်ဇော်မြင့်ကတော့ သရုပ်ဆောင်ကောင်းပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ သွယ်လျတဲ့ခန္ဓာကိုယ်အလှတွေကို ပိုင်ဆိုင်ထားတဲ့အပြင် လှပလွန်းတဲ့ မျက်ဝန်းလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးဆိုလည်း မမှားပါဘူးနော်..။
ပရိသတ်အချစ်တော် ဇင်ဇင်ဇော်ကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေကတော့ ယနေ့တိုင် ချစ်ခင်အားပေးနေကြသလို ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေပါတယ်နော်..။
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ဆက်လက်ပိုင်ဆိုင်ထားပြီး အလှအပထိန်းသိမ်းဖြစ်တဲ့အကြောင်းလေးနဲ့ ဘုရားတရားပိုလုပ်ဖြစ်တဲ့ အကြောင်းလေးကိုလည်း ဇင်ဇင်ဇော်မြင့်က ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။
သူမရဲ့ လှပခြင်းလျို့ဝှက်ချက်ကတော့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဟော့ရှော့နေတတ်ပေမယ့် နေ့တိုင်း ဘုရားတရားလုပ်ကာ တရားထိုင်၊ ပုတီးစိပ်သလို လေ့ကျင့်ခန်းလေးတွေ လုပ်ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။
ဇင်ဇင်ဇော်မြင့်ကတော့ စီးပွားရေးထက် အနုပညာလုပ်ရတာ ကြိုက်ပြီး အနုပညာသမားဖြစ်သူမို့ စီးပွားရေး သိပ်မလုပ်တတ်ပေမယ့် အရင်တုန်းက အနုပညာသမားဘဝကိုလည်း ကြိုက်သလို အခုလက်ရှိဘဝကိုလည်း ကြိုက်တဲ့အကြောင်းလေးလည်း ပြောပြထားသေးတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Zin Zin Zaw Myint's Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။