ပရိသတ်ကြီးရေ ဆယ်စုနှစ်တစ်ခုကြာထိ အနုပညာလောကထဲမှာ အောင်မြင်စွာ ရပ်တည်နေခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့ရတဲ့ သူလေးကတော့ မင်းသမီးချောလေး ချောရတနာပဲဖြစ်ပါတယ်။ သူမရဲ့ ဖြူဖွေးနုဖတ်တဲ့ အသားအရည်၊ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးတွေနဲ့ ပြစ်ချက်မရှိလှတဲ့ သူမရဲ့ မျက်နှာလေးကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို တခဲနက်ရရှိထားသူလည်းဖြစ်ပါတယ်......။

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေတဲ့ ချောရတနာက အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုလည်း ထိုက်တန်စွာရရှိထားပါသေးတယ်။ လက်ရှိမှာတော့ ချောရတနာက သားတစ်ယောက် သမီးတစ်ယောက်ကိုလည်း မွေးဖွားထားတာဖြစ်ပြီး သေချာပြုစုပျိုးထောင်နေတာဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားတာပါနော်။ နေ့စဉ်လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိတဲ့ ချောရတနာက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်......။

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

ချောရတနာက သူမရဲ့ ဖြူဖွေးလှပတဲ့ ပါးပြင်ပေါ်မှာ သနပ်ခါးလေးကို ညီညီ်ညာညာလူးကာ အလှတွေပိုနေတဲ့ ပုံလေးတွေ တင်ပေးလာတာပဲဖြစ်ပါတယ်။ ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် အပျိုလေးတစ်ယောက်လို အလှမပျက်ပဲ ချစ်စရာကောင်းလွန်းနေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ချောရတနာရဲ့ ပုံလေးတွေကို ကြည့်ရှုပြီး ပရိသတ်တွေ အချစ်ပိုမိနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်......။

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

Photo credit - Chaw Yadanar's FB account

Source  - Chaw Yadanar's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။