ပရိတ်သတ်ကြီးရေ......အများအားကျချစ်ခင်ရတဲ့ မိသားစုဘဝလေးကိုတည်ထောင်ထားကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာဆိုရင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်နော်။ သူတို့နှစ်ဦးလုံးဟာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေလည်းဖြစ်ကြပြီး အကယ်ဒမီထူးချွန်ဆုတွေကို ဇနီးမောင်နှံနှစ်ယောက်လုံးအသီးသီးရရှိထားကြတာပါ။ ဒါ့ပြင်အူဝဲတို့မိသားစုလေးဟာ ချစ်စရာကောင်းတဲ့ သားလေးဖိုးဓီနဲ့ သမီးလေးသုသုကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
အူဝဲဟာ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေကိုလည်း အများအပြားရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေဟာဆိုရင်လည်း နောက်ထပ်အကယ်ဒမီထူးချွန်ဆုကြီးအတွက် သူမကိုထင်ကြေးပေးနေကြတာလည်းဖြစ်ပါတယ်။ အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာတော်ရုံသာမက ပန်းချီဆွဲတာ ဂစ်တာတီးတာတွေမှာပါ ပါရမီပါပြီး ထူးချွန်တဲ့သူလေးဖြစ်ပါတယ်နော်။
အူဝဲတို့မိသားစုဟာဆိုရင် အမြဲစည်းစည်းလုံးလုံးနဲ့အလှူဒါနတွေကိုလည်းလုပ်လေ့ရှိကြပါတယ်။ မကြာသေးမီကလည်း အူဝဲဟာ သူမရဲ့Facebookစာမျက်နှာတွင် ဒီနေ့ "မဟာမြိုင် သဲဖြူဆရာတော်" ကြီးကို ဝါဆိုသင်္ကန်း နှင့် ဝတ္ထုဆပ်ကပ်လှူဒါန်းခဲ့ပါတယ်....(ဆရာတော်ကြီးကိုပဲ videoလေးခဏလေးရိုက်လိုက် မိပြီး အွဲရဲ့ ပုံတော့ တပုံမှမရိုက် မိလိုက်လို့ပါ)'' ဆိုတဲ့စာသားလေးနဲ့အတူ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Eaindra Kyaw Zin's Facebook acc
Photo Credit-Eaindra Kyaw Zin's Facebook acc
Video Credit-Eaindra Kyaw Zin's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။