photo credit - Myanmar Game Hub facebook page

Myanmar Game Hub နဲ့ Mytel Myanmar တို့ကကျင်းပတဲ့ Mytel International Chmpionship MLBB ပြိုင်ပွဲကြီးကတော့ မကြာခင်မှာ Season -2 စတင်တော့မှာပဲဖြစ်ပါတယ်။

ပထမ season 1 တုန်းကတော့ Philippine , Malaysia နဲ့ Singapore နိုင်ငံတို့က နာမည်ကြီး MLBB teams တွေသာပါဝင်ခဲ့ပြီး ယခုတခေါက် season-2 မှာတော့ Myanmar , Indonesia , Vitenam နဲ့ Combodia နိုင်ငံတို့က MLBB teams တွေပါ ပါဝင်လာခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာတော့ direct invites ပြုလုပ်ထားတဲ့ MLBB teams စုစုပေါင်း 16 သင်းဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ၎င်းအသင်းတွေကတော့

Claw Esports

Yangon Galacticos

Team Cyanide Alpha

Evos SG

Rex Regun Qeon

Geek Fam (indonesia)

Resurgence

Evos Legend

ONIC PH

Bren Esports

Aura PH

Geek Gam (malaysia)

Team Bosskur

VFM

Alas

Impunity Cambodia

တို့ပဲဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပသွားမယ့် ရက်စွဲကတော့ လာမယ့် ဇူလိုင်လ 20 ရက်နေ့ကနေ 30 ရက်နေ့အထိ ဖြစ်ပြီး ပေးအပ်သွားမယ့် prize pool ကတော့ $ 15,000 USD ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ season 1 မှာတုန်းကတော့ ဖီလစ်ပိုင်နိုင်ငံက SUNSPARKS အသင်းကအနိုင်ရရှိခဲ့သလို ယခုတစ်ခေါက် season 2 မှာရော ဘယ်အသင်းက champion ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

ဒီပြိုင်ပွဲကိုကျင်းပပေးတဲ့ တာဝန်ရှိသူတွေ အနေနဲ့လည်း champion ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းပေးနိုင်သူကို လက်ဆောင်တွေပေးမယ့်အစီအစဉ်လေးရှိနေတာဆိုတော့ ကံစမ်းချင်ရင်အောက်က Myanmar Game Hub facebook page ထဲဝင်ကြည့်ပီး ကံစမ်းလို့ရတယ်နော် ဘော်ဒါတို့။

source - Myanmar Game Hub Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။