ပရိသတ်ကြီးရေ သရုပ်ဆောင်နိုင်းနိုင်းကတော့ လက်ရှိမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတာပဲဖြစ်ပါတယ်။မိသားစုနဲ့ခေတ္တခဏ ခွဲနေရပြီး အနုပညာအလုပ်လေးတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။မိသားစုနဲ့ကတော့ Video Callလေးတွေပဲပြောပြီး အလွမ်းဖြေနေရတာဖြစ်ပါတယ်နော်။နိုင်းနိုင်းကလည်း ကလေးလေးယောက်ရဲ့ဖခင်လို့ ထင်ရက်စရာမရှိလောက်အောင် အရွယ်တင်နုပျိုနေတာဖြစ်ပါတယ်။

Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account

နိုင်းနိုင်းရဲ့ညီမချောလေး ဖူးဖူးကလည်း အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမကလည်း ပရိသတ်တွေရဲ့အားပေးခြင်းတွေကို ရရှိထားသူတစ်ဦးပါနော်။နိုင်းနိုင်းနဲ့ဖူးဖူးတို့မောင်နှမနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် အလုပ်နဲ့ပက်သက်ရင်လည်း အပြန်အလှန်အကြံဉာဏ်တွေပေးကြပြီး တစ်ဖက်တစ်လမ်းက ကူညီဖေးမကြတဲ့ ချစ်စရာမောင်နှမတွေပါနော်။

Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account

ဖူးဖူးကလည်း တစ်ဦးတည်းသောအကိုဖြစ်တဲ့ နိုင်းနိုင်းကို အရမ်းချစ်ပြီး နိုင်းနိုင်းကလည်း ညီမလေး အားကိုးအားထားပြုလို့ရတဲ့ အစ်ကိုကြီးအဖအရာပါနော်။အခုဆိုရင်တော့ မောင်နှမနှစ်ယောက်က စက်လှေလေးကို ပျော်ပျော်ပါးပါးစီးကြပြီး လတ်ဆတ်တဲ့လေညှင်းလေးတွေကို ရှုရှိုက်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account

Source&Photo Credit:Phoo Phoo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။