ပရိသတ်ကြီးရေ မော်လ်ဒယ်မင်းသားချောလေးခါရာကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း နှုတ်ခမ်းနီမလေးတွေ ရဲ့ အားပေးချစ်ခင်မှုတွေကိုအပြည့်အဝသိမ်းပိုက်ထားပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ ကိုရီးယားမင်းသားချောလေးလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေနဲ့ ချောမောခန့်ညားပြီး တောင့်တင်းကြံ့ခိုင်တဲ့ အမိုက်စား body ကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။
ခါရာ ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားလုပ်ကိုင်နေသူလေးပဲ့ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထားပြည့်ဝပြီး အမြဲကူတက်တဲ့သူဖြစ်တာကြောင့် ချစ်ခင်သူတွေလည်း ပေါများနေတာဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ ခါရာ က ဘဝမှာ မျှော်လင့်မထားပဲ ကိုရီးယား သံအမတ်ကြီးရဲ့ အထူးဖိတ်ကြားမှုကြောင့် သံအမတ် အိမ်တော်မှာ နေ့လည်စာ အတူတူစားခွင့်ရခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေနဲ့ အတူ ခါရာ က" ကျွန်တော်အမြဲသတိရနေမယ့် အမှတ်တရနေ့လေး ဒီနေ့ ကိုးရီးယားသံအမတ်ကြီးရဲ့ ဖိတ်ကြားမှုကြောင့် သံအမတ်ကြီးအိမ်ကို ကျွန်တော် ရောက်ခဲ့ပါတယ် ...အရသာရှိတဲ့ နေ့လည်စာနဲ့ နွေးထွေးစွာ တည်ခင်းဧည့်ခံမှုအတွက်ရော သံအမတ်ကြီးပေးတဲ့ အမှတ်တရလက်ဆောင်လေးအတွက်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ အချစ်တော်လေး ကိုရီးယား သံအမတ်ကြီးနဲ့ အတူ နေ့လည်စာစားခဲ့ရတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit - Khar Ra
Source - Khar Ra 's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။