သိပ်မကြာသေးခင်ကမှ Ubisoft ဟာ Battle Royal Game တစ်ခုကို ကြေညာခဲ့ပါတယ်။ ဂိမ်းနာမည်ကတော့ Hyper Scape ပဲဖြစ်ကာ ခုလက်ရှိမှာ Test Version အနေနဲ့ ဆော့ကစားလို့ရပါတယ်။ Ubisoft ဆိုတဲ့ Game Company ဆိုတာကလဲ Rainbow Six Siege, Assassin's Creed, Watch Dog စတဲ့ နာမည်ကြီး လူကြိုက်များတဲ့ Game တွေကို ထုတ်ထားတာဖြစ်ပါတယ်။ ခုဆိုရင်လဲ Hyper Scape ဆိုတဲ့ဂိမ်းကို Test Version ထွက်ရှိထားပါတယ်။ ဂိမ်းရဲ့ထူးခြားတဲ့အချက်တွေထဲက တစ်ခုကတော့ Twitch က Streamer တွေကို Viewer တွေက Battle Event Vote ပေးလို့ရတဲ့ စနစ်ဖြစ်ပါတယ်။ ပါဝင်တဲ့ Battle Event တွေကိုအောက်မှာဖော်ပြလိုက်ပါတယ်။  

Low Gravity

Low Gravity ကတော့ အားလုံးပဲသိကြတဲ့အတိုင်း လေပေါ်မှာ အကြာကြီးနေလို့ရမှာဖြစ်ပြီး မြေကြီးပေါ် တော်ရုံမရောက်နိုင်တဲ့ Mode ဖြစ်ပါတယ်။ ရန်သူနဲ့ ယှဉ်မပစ်နိုင်ရင် အိမ်ထဲမှာနေပေါ့။

Extra jump

Extra jump ကတော့ Player အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အကြိမ်ပေါင်းများစွာ ခုန်လို့ရတာပဲဖြစ်ပါတယ်။

Supply crate

Supply crate ကတော့ Special Supply ပါတဲ့ Crate က မြေပုံရဲ့ Random Location မှာပေါ်လာမှာဖြစ်ပါတယ်။ ဒီဟာကိုတော့ လူတိုင်းလဲ သိကြပြီးသားဖြစ်မှာပါ။  

Infinite ammo

Infinite ammo ကတော့ လူတိုင်းသိကြပြီသာဖြစ်မှာပါ...သို့သော် သေနတ်မှာထည့်ထားတဲ့ ကျဉ်ကုန်ရင်တော့ ကျဉ်ပြန်ဖြည့်ရမှာဖြစ်ပါတယ်။

Health Kit

Health Kit ကတော့ နေရာတော်တော်များများမှာ သွေးဖြည့်ပေးတဲ့ဟာလေးတွေ ပေါ်လာမှာဖြစ်ပါတယ်။

Reveal

Reveal ကတော့ Player တွေကြိုက်နှစ်သက်ကြမှာပါ...ဘာလို့လဲဆိုတော့ Reveal က မြေပုံပေါ်မှာကျန်နေသေးတဲ့ contenders (players) တွေကို နေရာပြပေးမှာဖြစ်ပါတယ်။

Cooldown accelerator

Cooldown accelerator တွေက နေရာတော်တော်များများမှာ ပေါ်လာပြီး အဲ့ဒီဟာတွေက ကိုယ့်ရဲ့ Ability ကြာချိန်ကို လျော့ချပေးတာဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Omega

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။